top of page

အာဏာသိမ်းကာလအတွင်း ပြည်သူသုံးသောင်းနီးပါး ဖမ်းဆီးခံရပြီး၊ သေဆုံးသူ ခုနှစ်ထောင်ကျော်‌ သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Nov 1
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ree

စစ်ကောင်စီအာဏာသိမ်းချိန်မှစ၍ အောက်တိုဘာ ၃၁ရက်နေ့အထိ နိုင်ငံတစ်ဝန်း စစ်တပ်၏ အဖမ်းအဆီးခံရသူပေါင်း (၂၉၉၀၀)ထိရှိပြီး သေဆုံးသူစုစုပေါင်းမှာ (၇၄၂၇)ဦးထိ ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်ထားသည်။


ဖမ်းဆီးခံရသည့် အမျိုးသမီးစုစုပေါင်းမှာ (၆၁၈၃)ဦးနှင့် သေဆုံးသူအမျိုးသမီးမှာ (၁၈၉၆)ဦးရှိကာ၊ ဖမ်းဆီးခံရသူ ကလေးစုစုပေါင်းမှာ (၆၂၇)ဦးနှင့် သေဆုံးစာရင်းက (၉၅၅)ဦးရှိသည့်အပြင် ဖမ်းဆီးပြီးနောက် သတ်ခံရသူများမှာ (၂၂၂၀)ဦးထိ ရှိခဲ့ကြောင်း အတည်ပြုထားသည်။


ထို့အပြင် အမျိုးသမီး(၄၂၉၇)ဦးနှင့် ကလေး (၂၄၈) အပါအဝင် (၂၂၅၈၇)ဦးမှာ လက်ရှိအချိန်ထိ စစ်တပ်၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး၊ အတည်ပြုရန် လိုအပ်နေဆဲဖြစ်သည့် နောက်ထပ် (၄၁၀၀)ဝန်းကျင်လည်း ရှိနေသေးသည်ဟု ဆိုသည်။


နိုင်ငံတစ်ဝန်း အောက်တိုဘာလအတွင်း အမျိုးသမီး(၄၉)ဦးနှင့် အမျိုးသား(၆၅)ဦး၊ စုစုပေါင်း (၁၁၄)ဦး သေဆုံးခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page