top of page

အင်းတော်-ဗန်းမောက်မှ လမ်းမကြီးအပြင် မြစ်ကြီးနား-ရွှေဘို-မုံရွာသွား ကားလမ်း စစ်တပ်မှ ဖြတ်သန်းခွင့်မပြု

  • Writer: Pajau Media
    Pajau Media
  • Sep 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


ကချင်-စစ်ကိုင်းအစပ်ရှိ အင်းတော်ဒေသနှင့် ဗန်းမောက်ဘက်ကို ဆက်သွယ်ထားသည့် ဗျူဟာလမ်းမကြီးအပါအဝင် အခြားသောလမ်းများအားလုံးကို ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။


အင်းတော်–ဗန်းမော်မြို့ဆက်သွယ်ထားသည့် လမ်းပိုင်းများကိုသာမက မြစ်ကြီးနား-ရွှေဘို-မုံရွာသွား ကားလမ်းပိုင်းများကို စစ်တပ်ဘက်မှလည်း ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ပင်ထားကြောင်း သိရသည်။


စစ်ကောင်စီတပ်များသည် ရွှေ‌ကောက်ပွဲမတိုင်ခင် ယင်းတို့လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်သိမ်းယူရန် အင်တော်ကြီးဒေသဘက်ကို SNAရှမ်းနီဌာနေပြည်သူ့စစ်နှင့် ပူးပေါင်းပြီး ထိုးစစ်ဆင်နေရာ KIA ပူးပေါင်းတပ်နှင့် ထိတွေ့ တိုက်ပွဲ မကြာခန ဖြစ်ပွားနေကြောင်း သိရသည်။


အင်းတော်မြို့နှင့် ဗန်းမောက်မြို့နယ်တို့မှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်တွင် တည်ရှိသော မြို့နယ်ဖြစ်ပြီး အင်းတော်ကြီးမြို့နယ်ကိုတော့ ပြီးခဲ့သည့် ဧပြီလကတည်းက KIA ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့ချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page