top of page

အင်းတော်မြို့ကို ညမထွက်ရအမိန့် ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • 18 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ree

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အင်းတော်မြို့ကို အင်းတော် (ပကဖ) က ညမထွက်ရအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။


ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းမှာ မြို့နယ်အတွင်း ခိုးမှု၊ လုယက်မှု၊ မူးယစ်ရောင်းဝယ်စားသောက်မှုများ များပြားလာသောကြောင့် ည ၈နာရီမှ မနက် ၄နာရီအထိ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။


ညမထွက်ရအမိန့်ကို နိုဝင်ဘာလ ၁ရက်နေ့မှ စတင်ခဲ့တာဖြစ်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း Indaw Revolution (IR) မှသိရသည်။


ညမထွက်ရအမိန့်ထဲတွင် PDF တပ်တွေ တာဝန်အရသွားလာခြင်းနှင့် ကျန်းမာရေးအခြေနေအရ အရေးပေါ်သွားလာရခြင်းများကိုမူ ကန့်သတ်ပိတ်ပင်ထားခြင်းမရှိကြောင်း သိရသည်။


အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရရှိထားတာ ၆ လ ကျော်ကြာမြှင့်ခဲ့ပြီဖြစ်သည်။


သတင်း- ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page