အင်းတော်မြို့နယ်တွင် အမျိုးသမီးတစ်ဦး လက်လုပ်သေနတ်ဖြင့် ဓါးမြတိုက်ခံရ
- Pajau Media

- Oct 6, 2025
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ရွာအနီးတွင် အမျိုးသမီးတစ်ဦး လက်လုပ်သေနတ်ဖြင့် ဓါးမြတိုက်ခံရကြောင်း သိရသည်။
အောက်တိုဘာ(၂)ရက်နေ့ညနေ(၃)နာရီတွင် မော်လူး-နဘားလမ်းပိုင်း ပင်ဝယ်ရွာအနီးတွင် ဘက်ထရီဆိုင်ကယ်တင်ပြီး ဆိုင်ကယ်မောင်းနင်လာသော အမျိုးသမီးတစ်ဦး၏ အနောက်သို့ အမျိုးသားတဦးမှ ဆိုင်ကယ်ဖြင့်ကပ်လိုက်ကာ အရှေ့မှပိတ်ရပ်ပြီး ဓါးဖြင့်ထောက်၍ ပိုက်ဆံအိတ်ကို လုယက်ဓါးမြတိုက်ခဲ့ကြောင်း သိရသည်။
ဓါးမြတိုက်ခံရသည့် အမျိုးသမီးရုန်းကန်၍ထွက်ပြေးစဉ် ဓါးမြမှ လက်လုပ်သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့သောကြောင့် သေနတ်ပစ်ခံရ၍ လက်မောင်းတွင် ဒါဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း ထပ်မံသိရသည်။
ယင်းအမျိုးသမီးသည် မံစီမှ စစ်ဘေးရှောင်တစ်ဦးဖြစ်ပြီး၊ နမ့်ခမ်းမှ မော်လူးမြို့သို့ ရောင်းချရန် ဘက်ထရီဆိုင်ကယ် တင်ဆောင်လာစဉ် ယခုကဲ့သို့ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ပိုက်ဆံအိတ်တွင် ထည့်ထားသော ငွေသား(၃)သိန်းခန့်ပါသွားပြီး သူမ၏အဖော်များနှင့်အတူ လာရောက်ရောင်းချခြင်းဖြစ်သလို သူမတစ်ဦးထဲ အနောက်တွင် ပြတ်ကျန်ခဲ့စဥ် လုယက်ခံရခြင်းဖြစ်ကာ၊ ဓားပြဟု ယူဆရသည့် လက်လုပ်သေနတ် ကိုင်ဆောင်ထားသော လူငယ်တဦးကို သံသယရှိသူအဖြစ် ဖမ်းဆီးမိပြီး စစ်ဆေးနေသည်ဟု ဆိုသည်။
အင်းတော်မြို့နယ်တွင် မကြာခဏ ဓါးမြတိုက်ခံနေရပြီး ပြီးခဲ့သည့် အပတ်တွင်လည်း အိမ်စီးကားဖြင့် မန္တလေးမှ ပြန်လာသော ခရီးသွားကားကို လူနှစ်ဦးမှ တား၍ ဓားမြတိုက်ရာ သိန်း ၁၀၀ ကျော်ပါသွားကြောင်း ဓါးမြတိုက်ခံရသူ အမျိုးသားထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ(၅)ရက်နေ့တွင်လည်း အင်းတော်မြို့မှ ဆိုင်တစ်ဆိုင်ကို ဓါးမြဝင်တိုက်ပြီး အိမ်ရှင်လင်မယားနှစ်ဦးလုံးကို သတ်ဖြတ်ခဲ့ပြိး အိမ်ရှင်အမျိုးသားသေဆုံးခဲ့ကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား




Comments