top of page

အင်းတော်မြို့နယ် မော်လူးဒေသရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီမှ ​လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းသူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ

  • Writer: Pajau Media
    Pajau Media
  • Jan 3
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ ဇန်နဝါရီ၊ ၂၀၂၆


ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအဆက် အင်းတော်မြို့နယ် မော်လူးဒေသရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီမှ ​လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် Grade 12 ကျောင်းသူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။


ယမန်နေ့ ဇန်နဝါရီ ၂ရက် မနက် ၁နာရီ ၁၇မိနစ်နဲ့ ၂၀မိနစ်ခန့်တွင် မော်လူးဒေသ၊ ရွာရှည်ရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အခုလို ဗုံးကြဲခဲ့သောကြောင့် Grade 12 ကျောင်းသူတစ်ဦး သေဆုံးပြီး နောက်ထပ် ကျောင်းသူ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းကိုလည်း Indaw Revolution-IR ကထုတ်ပြန်ထားသည်။


အင်းတော်မြို့နယ် မော်လူးဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ PDF ပူးပေါင်းတပ်များက ၂၀၂၃ ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားကြောင်းသိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page