အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲတွင် သတင်းမီဒီယာများ လွတ်လပ်စွာသတင်းယူနိုင်ကြောင်း ရွေးကော်မရှင်မှ ထုတ်ပြန်
- Pajau Media

- Oct 29, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကောင်စီက အပိုင်းလိုက်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများ သတင်းရယူခွင့်ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ ထုတ်ပြန်ထားသည်။
သတင်းရယူလိုသည့် သတင်းမီဒီယာများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်များနှင့်အညီ လွတ်လပ်စွာ သတင်းရယူခွင့် ရှိကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပြည်တွင်းမီဒီယာများကို အထွေထွေရွေးကောက်ပွဲကျင်းပမည့် ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များတွင် မီဒီယာတစ်ခုလျှင် (၄) ဦးနှုန်းဖြင့် သတင်းရယူခွင့် ပြုသွားမည် ဖြစ်ပြီး၊ နိုင်ငံတကာ သတင်းမီဒီယာများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနတွင် လျှောက်ထားကာ ဌာနမှ စိစစ်ထောက်ခံပေးသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များကိုသာ အသိအမှတ်ပြုကတ်ပြား ထုတ်ပေးမည် ဖြစ်သည်။
သတင်းမီဒီယာသမားများက အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲနေ့ရက်များအတွက် သတင်းရယူခွင့် သက်သေခံကတ်ပြား လျှောက်ထားခြင်းကို ဒီဇင်ဘာ ၁၂ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
သတင်း - ထုဆိုင်း




Comments