top of page

အမှတ် ၈ တပ်မဟာဒေသ လေကြောင်းဗုံးကြဲခံရ

  • Writer: Pajau Media
    Pajau Media
  • Oct 28
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

ကချင်လွှတ်လပ်ရေးတပ်မတော် KIA တပ်မဟာ အမှတ် ၈ တည်ရှိရာ ကချင်ပြည်နယ်၊ မိုးညင်းခရိုင်တွင် ယမန်​နေ့ အောက်တိုဘာ ၂၇ရက်တွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။


တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က မိုးညှင်းခရိုင်တွင် Y12လေယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုးညှင်းအပါအဝင် ဆော့လော် နှင့် အခြားနေရာများတွင်လည်း လတ်တလောတွင် ဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေသည်။


ထို့သို့ စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာသော​ကြောင့် ထိုအန္တရာယ်များကို သတိပြုရန်လိုအပ်ကြောင်း ကချင်လွတ်လပ်ရေတပ်မတော်( KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ၂၆ရက်နေ့တွင် သတိပေးပြောဆိုခဲ့သည်။


သတင်း- ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page