top of page

အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ခဲ့သူများမှ အမျိုးသားတစ်ဦးအား ထပ်မံသတ်ဖြတ်

  • Writer: Pajau Media
    Pajau Media
  • Jan 1
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက်၊ဇန္န၀ါရီ၊၂၀၂၆။


ခရစ်မတ်ညတွင် ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသားမှာ ယမန်နေ့ ဒီဇင်ဘာ၃၁ရက်နေ့တွင် သတ်ဖြတ်ခံရပြီဖြစ်ကြောင်း ယမန်နေ့က မိသားစု၀င်များ ရေးသားလာသည်။


မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ လူအုပ်စုက သူတို့ဖမ်းသွားတဲ့ အမျိုးသားကိုလည်း သတ်ဖြတ်လိုက်ပြီဖြစ်ပါတယ်။


ဓါးပြတိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် အဖွဲ့မှာ ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်ညက ဖြစ်ပွားခဲ့သော ၂၁နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားခြောက်ဦးတိို့ အဖွဲ့ဖြစ်ကြောင်း သိရသည်။


သတ်ဖြတ်ခံရသူမှာ တပ်ကုန်းရပ်ကွက်မှ ကလေးသုံးဦးဖခင် ကိုအောင်ဇော်မိုးဆိုသူဖြစ်ပြီး၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ဂျပန်တံတားအရောက် ကားမောင်းလာစဥ် တားဆီးဖမ်းခေါ်သွားခြင်းဖြစ်သည်။


ယင်းအချိန်ပင် အသက် ၄၀ခန့်အရွယ်အမျိုးသမီးနှစ်ဦးနှင့် အသက်၂၁နှစ်အရွယ် အမျိုးသမီးတစ်ဦးက ခရစ္စမတ် ည ၈နာရီခန့်တွင် စီတာပူရပ်ကွက်မှအပြန် အမျိုးသားခြောက်ဦးမှ တားဆီးရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page