အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ် (၁၆)ရက်တာ ကမ်းပိန်းပြုလုပ်
- Pajau Media

- Nov 28, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၈ရက်၊နိုဝင်ဘာ၊၂၀၂၅။
ကမ္ဘာတစ်ဝှမ်း ကျင်းပပြုလုပ်လျက်ရှိသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အထိမ်းအမှတ်အဖြစ် (၁၆)ရက်တာ လှုပ်ရှားမှုကမ်းပိန်းတွင် လိုင်ဇာဒေသရှိ အမျိုးသမီးများနှင့် လူငယ်များလည်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်ကို နိုဝင်ဘာ ၂၅ရက်နေ့မှ ဒီဇင်ဘာ၁၀ရက်နေ့အထိ ကမ္ဘာတစ်ဝန်း ကျင်းပပြုလုပ်ခဲ့ကြသလို လိုင်ဇာဒေသရှိ အမျိုးသမီးများလည်း Kachin Gender Star Groupနှင့် လိုင်ဇာမြို့ အမျိုးသမီးရေးရာကော်မတီ၊ Positive vibe Zone မှလူငယ်များနှင့် ဂျေယာန်စစ်ရှောင်အတွင်းရှိ အမျိုးသမီး ခေါင်းဆောင်များ ဦးဆောင်ကာ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ရက်နေ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်ရေး ပပျောက်ရေးနေ့ဖြစ်ပြီး ကမ်းပိတ်အပိတ် ဒီဇင်ဘာ၁၀ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည်။
ကမ်းပိန်းလှုပ်ရှားမှု အစီအစဉ်တွင် အသိပညာရေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကမ်ပိန်းစတစ်ကာတပ်ဆင်ခြင်း၊ ဖဲကြိုးဖြူတပ်ဆင်ခြင်း၊ ၁၆ရက်တာ လှုပ်ရှားမှု သတင်းအချက်အလက် ဖြန့်ဝေပြောကြားခြင်း၊ ကျပန်းမေးခွန်းမေးခြင်းနှင့် လက်ဆောင်ပေးခြင်း၊ ကမ်းပိန်းလှုပ်ရှားမှု အကကခြင်းများ လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါကမ်းပိန်းလှုပ်ရှားမှုတွင်း လိုင်ဇာနှင့် ဂျေယန်ရှိ စစ်ရှောင်၊ ဒေသခံ၊ CDM/KIO/KIAနှင့် မဟာမိတ် ဝန်ထမ်း၊ ကျောင်းသူ/သား လူဦးရေ ပေါင်း (၅၀၀၀)ခန့်အတွက် အသိပညာရေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ထုဆိုင်း
Photo credit to Htoi Gender










Comments