အလုပ်သမားကတ်ဖြင့် ပြည်ပထွက်မည့်သူများ စကစ ခွင့်ပြုချက်ရမှသာ ခွင့်ပြုမည်
- Pajau Media

- Jan 15
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ဇန္နဝါရီ၊၂၀၂၆။

ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် အလုပ်သမား သက်သေခံကတ်(OWIC) ကိုင်ဆောင်ထားသူများအနေဖြင့် စစ်ကောင်စီခွင့်ပြုချက်ရမှသာ ထွက်ခွာခွင့်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထပ်မံကန့်သတ်လိုက်သည်။
ထိုကန့်သတ်ချက်ကို ဇန္နဝါရီ ၁၁ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနဝက်ဆိုဒ်တွင် ထုတ်ပြန်လိုက်ပြီး နောက်နေ့ ဇန္နဝါရီ ၁၂ရက်နေ့တွင် ပြည်ပထွက်ခွာမည့် အလုပ်သမားများ ထွက်ခွာခွင့်မရတော့ဘဲ လေဆိပ်မှ ပြန်လွှတ်ခံခဲ့ရသည်။
ယခင်က ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် သူများအနေဖြင့် OWICကတ်ကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသို့ အီးမေးလ်ပို့ထားပြီးလျင် ပြည်ပထွက်ခွာခွင့် ရနေသော်လည်း လက်ရှိမှာတော့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ ခွင့်ပြုချက်ရမှ ပြည်ပထွက်ခွာခွင့် ရမည်ဖြစ်သောကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်မည့်သူများ အခတ်တွေ့နေကြောင်း သိရသည်၊၊
စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ရသူများကို Safe Migration Telegram ချန်နယ်မှတစ်ဆင့် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုထားသည့် ရက်တွင်သာ ထွက်ခွာရန်လိုအပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုထားသည့်ရက်တွင် မထွက်ဖြစ်ပါက လုပ်ငန်းစဉ် အစကနေ ပြန်လုပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း-ဖရိန်း




Comments