အ၀ေးသင်ဖြေဆိုသွားသည့် လူငယ်အချို့ လမ်းခရီးတွင် ဖမ်းဆီးခံရ
- Pajau Media

- Nov 10
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ်က ကျောင်သားတစ်ချို့ အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေဆိုရန်အတွက် ခရီးသွားလာချိန် မြစ်ကြီးနား-ရွှေဘို-စစ်ကိုင်း စသည့်နေရာများတွင် စစ်တပ်မှ ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း သိရသည်။
"ကျောင်းစာမေးပွဲဖြေဖို့ အိမ်ကနေ ထွက်သွားတာ ခရီးသုံးလေးရက်ကြာလည်း ဘာသတင်းမှပြန်မကြားရဘူး အာ့လိုတွေ အခုတလော ခနခန ဖြစ်နေတယ်" ဟု အဖြစ်မှန်သိသူ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များနှင့် ပျူစောထီးတပ်များပူးပေါင်းကာ ရွှေဘို - မြစ်ကြီးနားဗျူဟာလမ်းပေါ်ရှိ ဇီးကုန်း - မလယ်လမ်းဆုံနေရာများတွင် ပေါ်တာဆွဲကာ ဖမ်းဆီးနေတတ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့်သူများမှာ ကျောင်းစားပွဲဖြေဆိုရန် ခရီးသွားလာနေချိန်များတွင် ဖမ်းဆီးခံရသည့် လူငယ်များဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသည့် လူငယ်များကို စစ်တပ်၏ တကရ(၆၀၀၆) တပ်ရင်း သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ထို့အပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်တွင် စစ်ကောင်စီတပ်များက ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မငွေကြေးကောက်ခံခြင်းများလည်း ပြုလုပ်နေတတ်သောကြောင့် ခရီးသွားလာချိန် သတိထားကြရန် တော်လှန်ရေးတပ်များက သတိပေးထားသည်။
သတင်း- ဖရိန်း



Comments