top of page

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ ရေအားလျှပ်စစ်စီမံကိန်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

  • Writer: Pajau Media
    Pajau Media
  • 3 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊ဇန္နဝါရီ၊၂၀၂၆။


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ဦးဆောင်၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန္နဝါရီ ၂၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။


ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အ‌ထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီဖွဲ့စည်းမှု အခြေအနေ၊ လမ်းညွှန်မှာကြားချက်များ၊ လုပ်ငန်းတာဝန်များနှင့် ကော်မတီတွင် ဖြည့်စွက်ဖွဲ့စည်းနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ဒေသခံကော်မတီအဖွဲ့ဝင်များမှ ကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် ရှေ့ဆက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းအစီအစဉ်များအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြစ်ကြီးနားမြို့ဒေသခံများမှာ ပြီးခဲ့သည့် ဇန္နဝါရီ ၁၀ ရက်နေ့ကျရောက်သည့် ကချင်ပြည်နယ်နေ့တွင်လည်း အင်အား ၆၀ ကျော်ဖြင့် ဧရာ၀တီမြစ်ကမ်းဘေးတစ်နေရာတွင် မြစ်ဆုံရေကာတာစီမံကိန်းအား ကန့်ကွက်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။


ကချင်ပြည်နယ်နေ့တွင် လှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွက်ချက်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ဆုံရေကာတာစီမံကိန်းအား ဝိုင်းဝန်းတားဆီးပေးရန် အဓိကတောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။


ထို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော် ရပ်နားထားသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်စရန်စစ်တပ်မှ လုပ်ဆောင်လာမှုအပေါ် ဝိုင်းဝန်းကာကွယ်တားဆီးပေးကြရန် ဒေသခံများ လိုလားနေကြကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page