top of page

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအပေါ် ပြည်သူလူထု၏ သဘောဆန္ဒအတိုင်းရပ်တည်မည်ဖြစ်ကြောင်း KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူပြော

  • Writer: Pajau Media
    Pajau Media
  • Dec 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက် ဒီဇင်ဘာ ၂၀၂၅


စစ်တပ်က ပြန်လည်ဖော်ဆောင်နေသည့် ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအပေါ် ပြည်သူလူထု၏ သဘောဆန္ဒအတိုင်းရပ်တည်မည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။


ဒေသခံပြည်သူလူထုကန့်ကွက်မှုကြောင့် ၁၄နှစ်ကြာ ရပ်ဆိုင်းခဲ့သည့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေးအကောင်အထည်ဖော်ရန် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဒီဇင်ဘာ ၁၇ ရက်နေ့ မြစ်ကြီးနားခရီးစဉ်တွင် ဒေသခံများအား ပြောဆိုခဲ့သည်။


၎င်းစီမံကိန်းအပေါ် ကချင်လွတ်လပ်ရေးတပ်မတော် KIO အစိုးရအနေဖြင့် ပြည်သူလူထု၏ သဘာထားသာ အဓိကဖြစ်ကြောင်း ပြောဆိုခဲ့သည်။


ထို ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ ဆန္ဒပြကန့်ကွက်မှုကြောင့် ၂၀၀၉ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော်လည်းထိုစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် စစ်တပ်က ဧရာဝတီ မြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page