ဧရာ၀တီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် မီးပုံမှန်မရရှိသောကြောင့် ခက်ခဲနေ
- Pajau Media

- Oct 15
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ကချင်ပြည်နယ် ဧရာ၀တီမြစ်ကမ်းတစ်လျှောက်ရှိ အင်ဂန်း၊ နောင်ချိန်း၊ လဘန်ကထောင် စသည့်ကျေးရွာများရှိ စစ်ရှောင်များနှင့် ဒေသခံများမှာ လျှပ်စစ်မီးသေချာမရရှိသောကြောင့် အဖက်ဖက်မှ ခက်ခဲနေရကြောင်း သိရသည်။
လျှပ်စစ်မီးမှာ ညအချိန်ခဏတာ ရရှိသော်လည်း မကြာခဏ မီးပျက်နေပြီး၊ နေ့အချိန်မှာ မီးမလာချိန် ပိုများသောကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာနှင့် ကျောင်းသားများစာကျက်ချိန်တွင် ခက်ခဲနေသည်ဟု ဆိုသည်။
လိုင်းမီးပုံမှန်မရရှိသောကြောင့် အချို့က မီးစက်နိုးအသုံးပြုနေပြီး၊ ငွေကြေးမတတ်နိုင်သူများက ဖယောင်းတိုင်၊ ဆိုလာ၊ ထင်းမီး စသည်တို့ဖြင့်သာ အသုံးပြုနေရကြောင်း သိရသည်။
အင်ဂန်းကျေးရွာမှ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၄၄စုက လူဦးရေ (၁၁၄၄)ဦးရှိပြီး ကျောင်းတက်သည့်ကလေးများမှာ ၁၅၀ ဝန်းကျင်ထိ ရှိသည်။
လက်ရှိ ကချင်ပြည်နယ်တွင် လျှပ်စစ်မီးအဆင်မပြေမှုကြောင့် ပြည်သူများအားလုံး မီးပုံမှန်မရသည့်အခက်ခဲကြုံတွေ့နေရခြင်းဖြစ်သည်။
တစ်ဖက်မှာလည်း NGOနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တို့၏ အကူအညီများလည်း နိုင်ငံရေး ပြဿနာများကြောင့် တဖြည်းဖြည်း ပျောက်ကွယ်ကာ လျော့နည်းလာကြောင်း သိရသည်။
သတင်း - ထုဆိုင်း



Comments