ဩဂုတ်တစ်လအတွင်း စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ(၁၄)ဦး သေဆုံးပြီး၊ (၅၃)ဦး ဒဏ်ရာရ
- Pajau Media
- 17 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
ဩဂုတ် ၁ရက်နေ့မှ ၃၁ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း အရပ်သား(၁၄)ဦးမှာ လက်နက်ထိခိုက် သေဆုံးခဲ့ပြီး၊ (၅၃)ဦးမှာ လက်နက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KHRW-Kachin Human Rights Watch အစီရင်ခံစာမှ သိရသည်။
ဩဂုတ် ၁ရက်နေ့မှ ၁၅ရက်နေ့အထိ အရပ်သား (၄၅)ဦးမှာ လက်နက်ထိခိုက်ဒဏ်ရာရရှိကာ၊ (၉)ဦးမှာ သေဆုံးခဲ့ရတာ ဖြစ်ပြီး၊ ဩဂုတ် ၁၆ရက်နေ့မှ ၃၁ရက်နေ့အထိ အရပ်သား (၈)ဦးက ထိခိုက်ဒဏ်ရာနှင့် (၅)ဦးမှာ လက်နက်ထိခိုက် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
လက်နက်ပစ်ခတ်မှုများမှာ စစ်ကောင်စီက ပြည်သူများနေထိုင်သည့် နေအိမ်များနှင့် အများသွားလမ်းများကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုသေဆုံးသူများထဲတွင် ကလေးငယ်များနှင့် ကျောင်းသားကျောင်းသူများလည်း ပါဝင်ကြောင်း သိရသည်။
KHRWက ပစ်မှတ်ထား၍ အရေးယူဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများမှ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဦးဆောင်သူများနှင့် စစ်အာဏာသိမ်းကို ပံ့ပိုးကူညီပေးနေသည့် အဖွဲ့အစည်းများကို အရေးယူမှုများ ဆက်လက် ပြုလုပ်ပေးရန် တောင်းဆိုထားသည်။
ထို့အပြင် လူမှုအထောက်အပံ့ ပံ့ပိုးမှုတိုးမြင့်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများ၊ ကလေးများ၊ အမျိုးသမီးများနှင့် စစ်ရှောင်ပြည်သူများအတွက် ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာများနှင့် အခြေခံလိုအပ်ချက်များကို ပံ့ပိုးမှုများ တိုးမြင့်ပေးရန် လိုအပ်ကြောင်း ထပ်မံတောင်းဆိုထားသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲပြင်းဆင်နေသည့် အချိန်၌ ပြည်သူလူထုများကို ပစ်မှတ်ထား၍ လက်နက်ကြီးများ အသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်နေသည်ဟု ဆိုသည်။
သတင်း - ထုဆိုင်း
Photo credit to KHRW
Comments