ဩဂုတ်လအတွင်း အမျိုးသမီး၊ (၇၃)ဦး သေဆုံး၊ (၈၀)ဦး ဒဏ်ရာရ
- Pajau Media

- Sep 8, 2025
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ဩဂုတ်လတွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး (၇၃)ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမ္ဂ(BWU)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့မှ စတင်ကာ (၅)နှစ်နီးပါး ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့သည်ဟု ဆိုသည်။ ထို့အပြင် သေဆုံးမှုများနှင့်အတူ ထိခိုက်ဒဏ်ရာရရှိသူ (၈၀)ဦးအထိလည်း ရှိခဲ့သည်။
အမျိုးသမီးများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ(၅၄)ဦး၊ ဒဏ်ရာရသူ(၅၄)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ(၇)ဦး၊ ဒဏ်ရာရသူ(၂၂)ဦး၊ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ(၈)ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၃)ဦး၊ ပဍိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ(၁)ဦး၊ ဒဏ်ရာရသူ(၄)ဦးတို့ ဖြစ်သည်။
ဩဂုတ်လအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီးဦးရေသည် ကချင်ပြည်နယ်မှ (၄)ဦး ပါဝင်နေပြီး၊ မန္တလေးတိုင်းဒေသကြီးမှာ အမျိုးသမီးသေဆုံးမှု အများဆုံး ဒေသဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လမှာတော့ အမျိုးသမီးသေဆုံးသူ (၆၄)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၈၀)ဦး ရှိခဲ့ရာ၊ ကချင်ပြည်နယ်မှ အမျိုးသမီး(၂)ဦး သေဆုံးခဲ့သည်။
သတင်း - ထုဆိုင်း
Photo credit to BWU




Comments