top of page

၀ိုင်းမော်-လမြန်ဘက် လက်တလော စစ်ရေးငြိမ်သက်နေ

  • Writer: Pajau Media
    Pajau Media
  • Nov 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ နို၀င်ဘာ၊ ၂၀၂၅။


ကချင်ပြည်နယ် ဖားကန့်၊ ဗန်းမော်ဒေသများတွင် နေ့စဥ်တိုက်ပွဲဖြစ်ပွားနေသော်လည်း ၀ိုင်းမော်ဒေသတွင် လက်တလော စစ်ရေးငြိမ်သက်နေသည်ဟု ဒေသခံများက ပြောသည်။


" အခုတလော ၀ိုင်းမော်-လမြန်ဘက်မှာ နည်းနည်းငြိမ်နေတယ်။ လမ်းသွားလမ်းလာပြည်သူတွေလဲ ဘာမဖြစ်ဘူးလို့ ပြောကြတယ်။ ရွေးကောက်ပွဲနီးလေ နေ့တိုင်းလက်နက်ကြီးသံတွေ ကြားနေရတာ။ ခုတလော မကြားရတာဆိုတော့ ငြိမ်နေတဲ့ အခြေအနေဖြစ်တယ်။" ဟု ဒေသခံတစ်ဦးမှ သိရသည်။


ဗန်းမော်၊ ဖားကန့်ဒေသများမှာ နေ့စဥ် လေယာဥ်ဗုံးဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသလို ပြီးခဲ့သည့်အပတ်အတွင်း ကချင်ပြည်နယ်တွင် ထိတွေ့တိုက်ပွဲ ၃၅ကြိမ်ထိ ဖြစ်ပွားခဲ့သည်။


လက်ရှိ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသတွင်လည်း စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကြောင်းထိုးလှုပ်ရှားမှုလည်း ဆက်တိုက်ရှိနေခဲ့သည်။


ထို့အပြင် ခေါင်လန်ဖူးဒေသမှ လမ်းသွားလမ်းလာ တံတားများကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ဖျက်ဆီးမှုများ လုပ်ဆောင်နေပြီး၊ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။


သတင်း ပီလမ့်အူ



Comments


Pajau Media

Thanks for subscribing!

bottom of page