top of page

၂၀၂၆ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် မြစ်ကြီးနားသို့ ပို့ဆောင်မည့် ဆေးဝါးအမြောက်အများကို စစ်ကော်မရှင်တပ်က သိမ်းဆည်းခဲ့

  • Writer: Pajau Media
    Pajau Media
  • Jan 2
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ ဇန္နဝါရီ၊ ၂၀၂၆


၂၀၂၆ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် မြစ်ကြီးနားသို့ ပို့ဆောင်မည့် ဆေးဝါးအမြောက်အများကို စစ်ကော်မရှင်တပ်က သိမ်းဆည်းခဲ့တယ်လို့ ဆေးဝါးရောင်းဝယ်နှင့်နီးဆပ်သည့် သူတစ်ဦး‌ပြောပြချက်အရသိရသည်။


"နှစ်ဆန်းတစ်ရက်နေ့ပေါ့၊ မြစ်ကြီးနားကဆိုင်ကြီးတော်တော်များများကဒိုင်ကြီးတွေရဲ့ဆေးတွေ မုံရွာလမ်းပိုင်းမှာဖမ်းခံရတာတဲ့၊ စစ်တပ်က(စစ်ကော်မရှင်တပ်)၊ အဲ့ကြောင့်ဆေးတွေပျက်ဦးမယ်။" ဟု ဆေးဝါးရောင်းဝယ်ရေးနှင့် နီးဆပ် သူတစ်ဦးပြောပြသည်။


မြစ်ကြီးနားဘက်သို့ပို့မည့်ဆေးဝါးများကို မုံရွာလမ်းပိုင်းတွေ စစ်ကော်မရှင်တပ်က သိမ်းဆည်း ခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့ရှိ မြတ်မွန်‌ဒိုင်ကြီးတွေ၊ စိန်အုံးသီး၊ ခင်မာသီရိက ဆိုင်ကြီးနှစ်ခု တို့နှင့် တခြားဆေးဝါးဒိုင်များ၏ ဆေးဝါးအများအပြားသိမ်းဆည်းခံခဲ့ရကြောင်းပြောသည်။


"ဆေးတွေကပုံမှန်အားဖြင့်ကားလမ်းကနေပဲသယ်တာ၊ စားရင်းမသွင်းထားတဲ့ဆေးတွေတော့ သူတို့ဖမ်းချင်ရင်ဖမ်းလို့ရတယ်။ ခုဟာက စားရင်းသွင်းထားတဲ့ဆေးဝါးတွေကိုလည်း အကုန်သိမ်းလိုက်တာ" ဟုသူကဆက်ပြောသည်။


စစ်ကော်မရှင်က ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်လိုက်ပြီးနောက်ပိုင်း ဆေးဝါးသယ်ယူရန်ခက်ခဲခဲ့ပြီး ဈေးနှုန်းများလည်းတက်ခဲ့သည်။


မြစ်ကြီးနားမြို့တွင် ဆေးဝါးတချို့မှာပျက်လတ်နေပြီး ဈေးနှုန်းတွေလည်း မြင့်တက်နေချိန် ခုလိုထပ်သိမ်းဆည်းလိုက်ပါက ဆေးဝါးများပိုမိုပျက်လတ်လာပြီး ဈေးနှုန်းလည်းထပ်တက်ဖို့သာရှိကြောင်း သူကပြောပြသည်။


စစ်ကော်မရှင်ရဲ့ ဆေးဝါးသယ်ယူခွင့်ကန့်သန့်လိုက်ပြီးနောက်ပိုင်း ဆေးဝါးသယ်ယူရန်ခက်ခဲလာပြီး ဆေးဝါးတွေလည်း ပိုမိုပျက်လတ်လာခဲ့သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page