top of page

ရွှေကူမြို့နယ်မှ စစ်ရှောင်၆ထောင်ကျော်အတွက် နေရာထိုင်ခင်းနှင့် စားဝတ်နေရေး ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊မတ်လ၊၂၀၂၆။



ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင်း စစ်ရှောင်နေကြသည့် စစ်ရှောင်များမှာ စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေးခက်ခဲလာခြင်းနှင့် နေထိုင်စရာ နေရာအခက်အခဲများ ကြုံတွေ့လာနေရသည်ဟု စစ်ရှောင်များက ပြောသည်။


ရွှေကူမြို့နယ်တွင် စစ်ရှောင်နေကြသည့် ဒေသခံများမှာ ဗန်းမော်၊ မံစီ၊ မိုးမောက် စသည့်ဒေသများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေထိုင်ကြခြင်းဖြစ်ပြီး၊ ရွှေကူမြို့မှ ဘုန်းကြီးကျောင်းများ၊ ဘာသာရေး သာသနာကျောင်းဝင်း(၁၃) နေရာနှင့် မိမိဆွေမျိုးနေအိမ်များအပြင် အိမ်ခန်းငှား အဆောင်နေရာများတွင် ခိုလှုံနေထိုင်ကြကြောင်း သိရသည်။


သို့သော် ဘုန်းကြီးကျောင်းဝန်းနှင့် သာသနာဝန်းတွင်း နေထိုင်သူများမှာ အကြောင်းအမျိုးမျိုးကြောင့် နေရာရွှေ့ပြောင်းလာရပြီး၊ အိမ်ငှားနေထိုင်သူများလည်း ငွေကြေးအခက်အခဲ ပြသာနာများ ကြုံလာရသည့်အတွက် စစ်ရှောင်များမှာ နေစရာအထိုင်အခင်း ခက်ခဲလာကြောင်း သိရသည်။


နေစရာအထိုင်အခင်းအပြင် စစ်ရှောင်ကာလကြာမြင့်လာပြီး ငွေကြေးဆိုင်ရာ အခက်အခဲများ၊ စားဝတ်နေရေးနှင့် ဆေးဝါး၊ပစ္စည်းများလည်း ခက်ခဲလာသည်ဟု ဆိုသည်။


ရွှေကူမြို့နယ်တွင် ထွက်ပြေးခိုလှုံနေကြသည့် စစ်ရှောင်များမှာ အားလုံးပေါင်း အိမ်ထောင်(၁၇၄၇)မှ လူဦးရေ( ၆၄၇၅)ဦးထိ နေထိုင်ကြကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page