မိုးသက်လေပြင်းကြောင့် စစ်ရှောင်များ အကူအညီလိုအပ်နေ
- Pajau Media

- Apr 27
- 1 min read
ပါဂျောင်မီဒီယာ
ဧပြီလ၊ ၂၇ရက်၊ ၂၀၂၆။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ နမ္မတီးမြို့၊ မိုးကောင်းမြို့တို့တွင် ဧပြီလ 25ရက်နေ့ည 9 နာရီတွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းမုန်တိုင်းကြောင့် စစ်ရှောင်များ၏ တဲများပျက်စီးခဲ့ရသောကြောင့် အကူအညီလိုအပ်နေတယ်လို့သိရသည်။
ထိုမိုးတက်လေပြင်းမုန်တိုင်းကျရာက်မှု့ကြောင့် မြစ်ကြီးနားမြို့၊ နမ္မတီးမြို့၊ မိုးကောင်းမြို့တို့ရှိ စစ်ရှောင်များ၏တဲများ ပျက်စီးခဲ့ရပြီး ပြည်သူများ၏နေအိမ်တချို့လည်း အမိုးလှန်ပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုပျက်စီးသွားသည့် စစ်ရှောင်များသည် နမ္မတီး သကြားစက်ဝင်းအတွင်းနေထိုင်သည့် စိန်ထရေဇာစစ်ရှောင်စခန်း၊ နမ္မတီးမှ ဝါးအောင် စစ်ရှောင်စခန်းတို့ဖြစ်ကြပြီး ဖားကန့်စစ်ရှောင်များ အများစုနေထိုင်သည့် နေရာများ ဖြစ်ကြကြောင်းသိရသည်။
ထိုသို့ ပျက်စီးမှုများကြာင့်စစ်ရှောင်များအတွက် မိုးကားများ၊ ပျက်စီးသွားသောတဲများအတွက် အရေးပေါ်အမြန်အကူအညီလိုအပ်နေတယ်လို့ သိရသည်။
သတင်း - ဇော်










Comments