top of page

တက္ကသိုလ်၀င်စာမေးပွဲ အောင်စာရင်းများ ဇူလိုင်လ ၂၇ရက်နေ့တွင်ထုတ်ပြန်ကြေညာမည်

  • Writer: Pajau Media
    Pajau Media
  • Jul 24
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊ဇူလိုင်၊၂၀၂၅။


ree

ငလျင်ကြောင့် ပြန်လည်ဖြေဆိုထားသော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ အပါအဝင် မြန်မာတနိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို လာမည့် ဇူလိုင် ၂၇ရက်နေ့တွင် ထုတ်ပြန်မည်ဖြကြောင်း စစ်ကောင်စီပညာရေးဝန်​ကြီးဌာနမှ ထုတ်ပြန်ထား သည်။


ကျောင်းသား/သူများအနေဖြင့် အဆိုပါအောင်စာရင်း များကို မိမိဖြေဆိုထားသည့် စာစစ်ဌာနကျောင်းများတွင် မနက် ၆ နာရီမှစပြီး စတင်စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။


အဆိုပါအောင်စာရင်းနှင့် ပတ်သက်ပြီး အောင်စာရင်းထွက်မည့် ဇူလိုင် ၂၇ ရက် မနက် ၄နာရီအချိန်တွင်လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း သိရသည်။


ထို့အပြင် ဝေးလံသောဒေသများတွင်ရှိသော စာစစ်ဌာနများနှင့် အင်တာနတ်အဆက်အသွယ်ကောင်းမွန်စွာ မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံ ရေဒီယိုအစီစဉ်တွင် အောင်စာရင်းထွက်မည့်နေ့တွင် ထုတ်ပြန်ကြေငြာ ပေးသွားမည်ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page