top of page

ပူတာအို မူလာဒီးကျေးရွာအနီးတွင် သောင်းကျန်းနေသည့်ဆင်ရိုင်းကို ပြည်သူ့စစ်တပ်ဖွဲ့မှ ပစ်ခတ်နှိမ်နင်း

  • Writer: Pajau Media
    Pajau Media
  • Apr 21
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊ဧပြီလ၊၂၀၂၅။



ree

ပူတာအို မူလာဒီးကျေးရွာ ဝန်းကျင်အတွင်း သောင်းကျန်းနေသည့်ဆင်ရိုင်းကို ယနေ့ဧပြီ၂၁ရက်နေ့တွင် ပြည်သူ့စစ်တပ်ဖွဲ့အှ ပစ်သတ်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။


အဆိုပါဆင်ရိုင်းမှာ မူလာဒီးဝန်းကျင်သို့ ဧပြီ ၁၆ရက်နေ့ကတည်းက ဝင်ရောက်လာခဲ့ပြီး ပြည်သူ(၄)ဦးကို တိုက်ခိုက်သတ်ဖြတ်ခဲ့သလို ကျန်တစ်ဦးမှာ ထိတ်လန့်ကာ သတိလစ်သေဆုံးခဲ့သည်။ ထို့အပြင် နေအိမ် (၅)လုံးကိုလည်း ဖျက်ဆီးခဲ့သေးသည်။


ပူတာအိုဒေသတွင် ဆင်ရိုင်းများ အခန့်မသင့် ဝင်ရောက်လာတတ်ကာ နေအိမ်များကို ဖျက်ဆီးခြင်း၊ လူကိုတိုက်ခိုက်သတ်ဖြတ်ရန်မူလာခြင်းများလုပ်ဆောင်လာသောကြောင့် ပြီးခဲ့သည့်နှစ်မှာလည်း မြစ်ကြီးနား-ပူတာအိုလမ်းမပေါ်တွင်သောင်းကျန်းနေသည့် ဆင်ရိုင်းတစ်ကောင်ကို ပစ်သတ်ခဲ့ရဖူးသည်။


ကျေးရွာအတွင်း ဝင်ရောက်လာသည့် ဆင်ရိုင်းများကို ပစ်သတ်နိုင်ခဲ့ပေမယ့်လည်း တောတွင်းနေရာများတွင် ကျန်ရှိနေသေးသည့် ဆင်ရိုင်းများရှိနေနိုင်သောကြောင့် သတိထားသွားလာရန် လိုအပ်သည်ဟု ဒေသခံများ ပြောသည်။


ထို့အပြင် ဆင်ရိုင်းရန်စိုးရိမ်ရသောကြောင့် မူလာရှီးဒီးကျေးရွာသို့ ယာယီခေတ္တ တိမ်းရှောင်နေကြချိန် ကျေးရွာအတွင်း နေအိမ်မှ အသုံးအဆောင်ပစ္စည်းများ သူခိုးခိုးခံခဲ့ရကြောင်းလည်း ထပ်မံသိရသည်။


လက်ရှိတွင် ဆင်ရိုင်းကို ပစ်သတ်နိုင်ခဲ့ပြီးဖြစ်သောကြောင့် ယာယီတိမ်းရှောင်နေကြသည့် ပြည်သူများ နေအိမ်သို့ပြန်လည်နေထိုင်ကြပြီး ဖြစ်ကြောင်းနှင့် ပျက်စီးသွားသည့် နေအိမ်များပြန်လည်ထူးထောင်ရန် လိုအပ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Pajau Media

Thanks for subscribing!

bottom of page