ကသာမြို့ စစ်ရေးပြင်းထန်ပြီး ဒေသခံထောင်ချီ ပိတ်မိနေ
- Pajau Media

- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊မတ်လ၊၂၀၂၆။

ကချင်နှင့် စစ်ကိုင်းအစပ်ရှိ ကသာမြို့တွင် နှစ်ဖက်စစ်ရေး ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က မြို့အဝင်အထွက် ပိတ်ဆို့ထားသည့်အတွက် ဒေသခံထောင်နှင့်ချီ ပိတ်မိနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
လက်ရှိ ကသာမြို့အနီးတဝိုက်တွင် နှစ်ဖက်စစ်ရေးပြင်းထန်နေသလို စစ်တပ်လေကြောင်း တိုက်ခိုက်မှုလည်း ရှိနေသည့်အတွက် ဒေသခံပြည်သူများထွက်ပြေး တိမ်းရှောင်နေကြသော်လည်း စစ်တပ်၏ ပိတ်စို့မှုကြောင့် မြို့ပေါ် တွင် ဒေသခံထောင်နှင့်ချီ ကျန်ရှိနေသေးကြောင်း သိရသည်။
ကသာမြို့တိုက်ပွဲမှာ ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်၏ လေကြောင်း၊ လက်နတ်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရသည်။
ထို့အပြင် စစ်တပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် ဒေသခံတချို့မြို့ပြင်ဘက်ကို ထွက်ပြေးနိုင်ခဲ့ကြသော်လည်း ဆက်သွယ်ရေးအခက်ခဲကြောင့် မြို့တွက်းပိတ်မိနေသည့် ပြည်သူများလည်း ရှိနေသည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်တွင် စစ်ရှောင်များ ခိုလှုံနေသည့် မဟာလေးထပ် ဘုန်းကြီး ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် အပါအဝင် ပြည်သူ အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments