top of page

၃လအတွင်း အမျိုးသမီး (၁၂၆)ဦးနှင့် အမျိုးသား (၁၁၉)ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Mar 27
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊မတ်လ၊၂၀၂၆။


၃လတာအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၁၀၅)ဦးနှင့် အမျိုးသား (၁၀၃)ဦး စုစုပေါင်း (၂၀၈)ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ထုတ်ပြန်ထားသည်။


ယင်းထဲတွင် အသက်၁၈နှစ်အောက် ကလေးငယ် (၃၆)ဦး ပါဝင်နေပြီး၊ သေဆုံးသူများထဲမှ စစ်ကိုင်းတိုင်းတွင် (၆၉)ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ကာ ရခိုင်ပြည်နယ်တွင် (၄၅)ဦးဖြင့် ဒုတိယအများဆုံး ဒေသဖြစ်ခဲ့သည်။


ထို့အပြင် စစ်ကော်မရှင်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး(၂၁)ဦးနှင့် အမျိုးသား (၁၆)ဦး စုစုပေါင်း (၃၇)ဦး သေဆုံးခဲ့သည်ကိုလည်း အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး၊ ယင်းထဲတွင် အသက်(၁၈)နှစ်အောက် ကလေးငယ် (၄)ဦး ပါဝင်သည်ဟု ဆိုသည်။


အဆိုပါ သေဆုံးသူ (၃၇)ဦးအနက် ရခိုင်ပြည်နယ်တွင် (၈)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်တို့တွင် (၆)ဦးစီဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page