top of page

အင်းတော်မြို့နယ်၊ မော်လူးတိုက်နယ်ရှိ စက်သုံးဆီ ဆီခြံတွင် အရောင်းအဝယ် ဝယ်လက်နည်းပါးနေ

  • Writer: Pajau Media
    Pajau Media
  • Jul 4
  • 1 min read

ပါဂျောင်မီဒီယာ။

၄ရက်၊ဇူလိုင်၊၂၀၂၅။


ree

စစ်ကိုင်းတိုင်းဒေသကြီး..အင်းတော်မြို့နယ်..မော်လူးတိုက်နယ်အတွင်းရှိ..ဖားပန့်ကျေးရွာအနီးရှိ ဆီခြံတွင် စက်သုံးဆီ ဝယ်လက်ပါးနေလျက်ရှိပါတယ်..


ကချင်ပြည်နယ်ဘက် ကိုအဓိကတင်ပို့နေတဲ့ စက်သုံးဆီတွေကို ဖားပန့်ဆီခြံမှတစ်ဆင့် တင်ပို့လျက်ရှိနေသာ ယခင်လကတည်းက ဖြစ်ပါတယ်။ အောက်ပိုင်းကတင်ဆောင်လာတဲ့ ဆီသည်ကားများ အရောင်းအဝယ်လုပ်တဲ့နေရာဆိုရင်လည်း မမှားပါဘူး။


အခုတလောက ကချင်ပြည်နယ်ဘက်မှာ လိုင်စင်မဲ့ကားတွေကို ဖမ်းစီးလာတာ ခပ်စိပ်စိပ်ဖြစ်လာတော့ စက်သုံးဆီကားတွေက ကချင်ပြည်နယ်ဘက်ကို တိုက်ရိုက်မတက်တော့ဘဲ..ဆီခြံတွေမှာ တစ်ထောက်နားကြပြီးအရောင်းအဝယ်ပြုလုပ်ကြပါတယ်။


ဆီခြံမှာ ဆီကားတွေ ရပ်နားပြီးဆီအရောင်းအဝယ်ပြုလုပ်ချင်တယ်ဆိုရင်ကတော့ NUG ဂိတ်ကို ကားတစ်စီးလျှင် တစ်သောင်းကျပ် ပေးဆောင်ရပြီး..ဆီခြံဝင်းအတွင်းယာဥ်ရပ်နားမည်ဆိုပါက ဆီတစ်ပေပါလျင် သုံးထောင်ကျပ်ပြန်ပေးဆောင်ရတယ်လို့ သိရပါတယ်။


" ဆီကရောင်းမယ့်သူတွေက များတယ်.. အဝယ်က မရှိဘူးဖြစ်နေတယ်။ တစ်ချို့က ကားလိုင်စင်ရှိရင်လည်း နန့်စီးအောင် ဂိတ်ကိုကြောက်ကြပြန်တယ်။ သူတို့က ဖမ်းချင်ရင် ရမယ်ရှာပြီးဖမ်းသာဆိုတော့..ဒီမှာဘဲအဆင်ပြေသလို ဝယ်လက်စောင့်နေရတာပေါ့..တစ်ချို့ ကားသမားတွေက တောင့်မခံနိုင်တော့ စျေးလျော့ရောင်းကုန်တာ..အဲလိုဆိုတော့ ကားသမားအချင်းချင်းတောင် စကားများကြတာ" ဆိုပြီး ဆီကားသမားကိုထွန်းနိုင်(အမည်လွဲ) ကပြောပါတယ်။


အထက်ပိုင်းက ဆင်းလာတဲ့ ဆီကယ်ရီသမားတွေကလည်း တစ်ချို့က မဲဇာ ထိ ဆင်းဝယ်ကြတယ်။ဒီမှာဝယ်တဲ့သူတွေကိုဆိုရင်လည်း ပေပါခွံကငှားရတယ်။ တစ်ပေပါ သုံးထောင် ငှားခပြန်ပေးရတယ်။ တစ်ခြားပေပါကို မငှားရဘူး။ ဆီခြံဝင်းထဲက သတ်မှတ်ထားတဲ့နေရာမှာဘဲငှားရတယ်။ တစ်ချို့ ကယ်ရီသမားတွေက ဆီခြံကပေပါခွံက သေးတယ်ဆိုပြီးပြောလို့ ကိုယ့်ဆီကိုယ် အငှားပေပါထဲပြန်ထည့် အဲကတစ်ဆင့် သူတို့ကြိုက်တဲ့(ကိုယ့်ပေပါခွံ) နဲ့ပြန်လှယ် လုပ်ရတာ။ ဆီလှယ်ရင်လည်း တစ်ပေပါ သုံးထောင်ပေးရတာ အဲဒါလည်းဆီခြံဝင်းက ဆီလှယ်တဲ့သူတွေ..တစ်နည်းအားဖြင့် ဆီခြံကော်မတီကနေ သတ်မှတ်ထားတဲ့သူတွေနဲ့ဘဲလှယ်ရတယ်လို့သိရပါတယ်။


''အကိုကလည်း ကျနော်တို့မှာ ဆီခြံမရောက်ခင် ရွာအဝင်ဂိတ်(KIA/ PDF) ကိုလည်းဆီတစ်ပေပါ တစ်သောင်းပေးရသေးတာ.... နဘားက KIA ဂိတ် ကိုလည်း ဆီတစ်ပေပါ ငါးထောင်ကျပ်..အင်းတော်မြို့အဝင် PDF ဂိတ်ကိုက ဆီတစ်ပေပါ ငါးထောင်ကျပ်..အဲလိုပေးရတာ.... ဒါတောင် အင်းတော်မြို့နယ်အတွင်းနော်..အောက်ပိုင်းမှာလည်းပေးရတာပါဘဲလေ'' ဆိုပြီးတော့ ဆက်ပြောပါတယ်။


လွန်ခဲ့သောလ အစောပိုင်းကနေစတင်ဖွင့်လှစ်ခဲ့တဲ့ ဖားပန့်ဆီခြံ အမှတ်(၁)မှာ စက်သုံးဆီရောင်းဝယ်နေကြတဲ့ ကားသမားများရဲ့ခံစားချက်ကို သတင်းဆောင်းပါးအဖြစ် ရေးသားတင်ဆက်ရခြင်းမျှသာ ဖြစ်သည်။


သတင်း - ထိန်နိုင်


Pajau Media

Thanks for subscribing!

bottom of page