top of page

Putao Ginra Hta Jak Sau Taw Mat Ai Majaw Matut Mahkai Phone Line Ni N Lu Mat Ai Lam

  • Writer: Pajau Media
    Pajau Media
  • May 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ မေလ၊၂၀၂၄ခုနှစ်။




ပူတာအို-မြစ်ကြီးနား ကားလမ်းပိတ်ထားသည်မှာ နှစ်လကျော်ကြာမြင့်လာပြီးနောက် စက်သုံးဆီရှားပါးကာ တာဝါတိုင်အများအပြား လည်ပတ်မှုရပ်တန့်ပြီး အချို့ MPTနှင့် MYTEL အော်ပရေတာ ဖုန်းလိုင်းများ ပြတ်တောက်နေပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ပြီးခဲ့သည့် မေလ ၈ရက်နေ့မှစ၍ ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်းတာဝါတိုင် အများအပြား လည်ပတ်မှု ရပ်တန့်ခဲ့ခြင်းဖြစ်ပြီး၊ စက်သုံဆီပြတ်လပ်လာသောကြောင့်ဟု ဒေသခံများက ပြောသည်။


ထို့အပြင် ဆက်သွယ်ရေး ဝန်ထမ်းတစ်ဦးမှလည်း စက်သုံးဆီ ပြတ်လပ်သွားခြင်းကြောင့် တာဝါတိုင်များတွင် ဆီမဖြည့်နိုင်ပဲ ဖုန်းလိုင်းများ ပြတ်တောက်လာရခြင်း ဖြစ်ကြောင်းနှင့် Ooredooဆင်းကဒ်နှင့် Atomဆင်းကဒ် နှစ်ခုသာ အလုပ်လုပ်နေကြောင်း ပြောသည်။


ပူတာအို-မြစ်ကြီးနားသွား ကားလမ်းပိတ်ထားသည်မှာ နှစ်လကျော်ကြာမြင့်လာခဲ့ပြီးနောက် စက်သုံးဆီများ ရှားပါးပြတ်လပ်လာသည်မှာလည်း တစ်လကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။


ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် မတ်လ ၈ရက်နေ့မှစ၍ ဆွမ်ပရာဘွမ်မြို့အတွင်း တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် မတ်လ ၉ရက်နေ့တွင် မြစ်ကြီးနား-ပူတာအိုကားလမ်းကို KIA ဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page