top of page

ကျားဖြန့်လုပ်ငန်းများ လက်မခံရန် ကချင်တော်လှန်ရေးနေ့တွင် မိန့်ကြား

  • Writer: Pajau Media
    Pajau Media
  • 3 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


ယနေ့ကျရောက်သည့် ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်တွင် ငွေကြေးလိမ်လည်သည့်လုပ်ငန်း၊ ကျားဖြန့်လုပ်ငန်းများကို လက်မခံရန် KIO/ KIA ဥက္ကဋ္ဌက ပြောကြားလိုက်သည်။


ယနေ့အအချိန်တွေ ငွေကြေးလိမ်လည်သည့် ကျားဖြန့် လုပ်ငန်းများကို အထူးသတိပြုရမည်ဖြစ်ပြီး၊ ထိုကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ခြင်းမပြုရန်နှင့် မိမိနယ်မြေဒေသတွင်း ကျားဖြန့်လုပ်ငန်းများ ဖွင့်လှစ်ခြင်းများ မပြုလုပ်ရန် ကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ကျားဖြန့်လုပ်ငန်းသည် လူငယ်များကို ဖမ်းဆီးကာ ငွေကြေးလိမ်လည်ခိုင်းခြင်း၊ ငွေကြေးမလိမ်လည်နိုင်ပါက ရိုက်နှက်သတ်ဖြတ်ခြင်း၊ လိင်စော်ကားခြင်းများ လုပ်ဆောင်ပြီး ထိုငွေလိမ်ဂိုဏ်းများကြောင့် ပြည်သူများ နေ့စဥ်ငွေကြေးများစွာ ဆုံးရှုံးမှု ကြုံနေရသည်။


နိုင်ငံတကာအနေနှင့်လည်း ငွေကြေးလိမ်လည်သည့် ကြားဖြန့်လုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် တိုက်ဖျက်မှုများ လုပ်ဆောင်နေပြီး ကြားဖြန့်လုပ်သူများကို ဖမ်းဆီးခြင်း၊ ကျားဖြန့်ဂိုဏ်မှ ဖမ်းဆီးထားသည့်သူများကို ကယ်ထုတ်ခြင်းများ လုပ်ဆောင်နေသည်။


ထို့ပြင် မိမိနေရပ်မှ အခြားနိုင်ငံပြင်ပသို့ ထွက်ခွာနေထိုင်သည့် ကချင်လူမျိုးများအနေဖြင့်လည်း မိမိတို့လူမျိုး အမျိုးသားရေးကို လျစ်လျှူရှု ရှောင်ကျဥ်ခြင်းမပြုဘဲ မိမိတို့လွတ်မြောက်ရေး တော်လှန်ရေးတွင် ကိုယ်တတ်နိုင်သည့် နေရာမှ အားစိုက်ပါဝင်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။


သတင်း - ဇော်

Comments


Pajau Media

Thanks for subscribing!

bottom of page