top of page

ဖားကန့်-မရှီကထောင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

  • Writer: Pajau Media
    Pajau Media
  • 1 day ago
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊ဖေဖော်၀ါရီ၊၂၀၂၆။


တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်- မရှီကထောင်ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ ယမန်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်တွင် လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရသည်။


ဇန်နဝါရီလ ၃၀ ရက်နေ့ကတည်းက စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး လက်ရှိချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။


စစ်ကောင်စီတပ်က မရှီကထောင်အနောက်ဘက် ထုံးဘို ဆုတောင်းကုန်းနေရာတွင် တပ်အထိုင်ချနိုင်ရန် စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။


ယင်းဒေသအတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲမှာ လက်ရှိတွင်တစ်ပတ်ကျော်လာပြီဖြစ်သည့်အပြင် စစ်တပ်က ပြီးခဲ့သည့် ၄ ရက်နေ့တွင်လည်း ဂျက်လေယာဥ်၊ Y-12လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


ယမန်နေ့ ညနေ ၄ နာရီခွဲချိန်ထိ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေယာဥ်ဗုံးကြဲတိုက်ခဲ့ပြီး၊ နှစ်ဖက်တိုက်ပွဲလည်း ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


သတင်း- ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page