top of page

ကချင်ပြည်နယ်တွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ တစ်ပတ်တွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Feb 2
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်၊ဗန်းမော်၊ ဝိုင်းမော်နှင့် တနိုင်းဒေသများတွင် ဇန္နဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁ ရက်နေ့ထိ တစ်ပတ်တာအတွင်း ထိတွေ့တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားခဲ့ကြောင်း KIO သတင်းဌာနက ဖော်ပြထားသည်။


အလားတူ လက်နက်ကြီးဖြင့် (၃၂၉)ကြိမ်၊ ဒရုန်းဗုံးဖြင့်(၁၀)ကြိမ်နှင့် လေယာဉ်ဗုံး(၃၇)ကြိမ် ဖြစ်ပွားခဲ့သည်။


ယနေ့နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင်လည်း ဝိုင်းမော်စစ်မျက်နှာဘက် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြပြီး၊ ခြေလျှင်ဖြင့်လည်း ထိုးစစ်ဆင်တိုက်ခိုက်နေသလို KIAအမှတ်(၂)တပ်မဟာဒေသဘက်လည်း စစ်ကောင်စီ-ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့နှင့် KIAတပ်ဖွဲ့အကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။


ထို့အပြင် ပူတာအို၊ခေါင်လန်ဖူးဒေသဘက်တွင်လည်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က KIAတပ်ဖွဲ့များ နေထိုင်ရာ လန်ဆယ်ဘက် စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး၊ နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိသော်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုမှာ ပုံမှန်ရှိနေဆဲ ဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page