top of page

စက်သုံးဆီသယ် ယူပို့ဆောင်နိုင်ရန် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးမှ ဖြတ်သန်းခွင့် ထောက်ခံချက်လိုကြောင်း NUGထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • 23 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊မတ်လ၊၂၀၂၆။



ကချင်ပြည်နယ်အပါအဝင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် စက်သုံးဆီ သယ်ယူပို့ဆောင်ရာ၌ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဌာန၏ ဖြတ်သန်းခွင့်ထောက်ခံချက်ပါရှိမှ သယ်ယူပို့ဆောင် သွားခွင့်ပြုမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်နယ်မြေများတွင် စက်သုံးဆီသယ်ယူပို့ဆောင်ခြင်းကို ကန့်သတ်ပိတ်ပင်မှုကြောင့် ဆီဘောက်ဆာ ကုန်သည်များကြား အချိန်ကြန့်ကြာမှုဖြစ်ကာ ခက်ခဲလာသည်ဟု ဆိုသည်။


စက်သုံးဆီ သယ်ယူပို့ဆောင်ရန်အတွက် (NUG)အစိုးရထံမှ ထောက်ခံစာများကို အဆင့်ဆင့်ယူနေရသဖြင့် သယ်ယူပို့ဆောင်ရေးပိုင်းတွင် အချိန်ကြန့်ကြာမှုဖြစ်ကြောင်း ဆီဘောက်ဆာ ကုန်သည်များက ပြောကြသည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကောင်စီက စက်သုံးဆီရည်ညွှန်းစျေးနှုန်းများကို တစ်ပတ်ထက်တစ်ပတ် စံချိန်တင်မြင့်တင်နေကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page