တစ်လအတွင်း ကလေးသူငယ် ၄ဦး သေဆုံး၊ ၂၃ဦး ပြင်းထန်ဒဏ်ရာရ
- Pajau Media

- 23 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊မတ်လ၊၂၀၂၆။

ကချင်ပြည်နယ်မှာ စစ်လက်နက် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ တစ်လအတွင်း ကလေးသူငယ် ၄ ဦး သေဆုံးပြီး ၂၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Kachin Human Rights Watch ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်နှင့် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်တပ်က ပြည်သူများနေထိုင်သည့် နေရာများတွင် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း လက်နက်ကြီး ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် အရပ်သားပြည်သူများ ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်က ယခုကဲ့သို့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနှင့် သေနတ်ပစ်ခတ်မှုများကြောင့် အသက်မပြည့်သေးသည့် ကလေးငယ် ၃ဦးအပါအဝင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသူ ၂ဦး အပါအဝင် ပြည်သူ ၂၃ဦး ပြင်းထန်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်မှုများကြောင့် သေဆုံးသူစုစုပေါင်း ၁၃၃ ဦးရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဖော်ပြထားသည်။
သတင်း - ဖရိန်း




Comments