ကချင်ပြည်နယ်တွင်း တိုးတက်လာသည့် ပညာရေးတက္ကသိုလ်များ
- Pajau Media
- Jul 26, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၆၊ ၇၊ ၂၀၂၄

၂၀၂၁ စစ်ကောင်စီ အာဏာရယူပြီးနောက် ပြည်တွင်း ပညာရေးအခြေအနေများ၊ အစိုးရကျောင်းပညာရေးကျောင်းများတွင် သင်ကြားနေသည့် ကျောင်းသားလူငယ်များသိသာစွာ လျော့ကျလာခဲ့ပြီး များစွာသော တိုင်းရင်းသားလူငယ်များမှာ အထူးသဖြင့် မိမိအရပ်ဒေသတွင် မိခင်ဘာသာစကားများအားဖြင့် သင်ကြားနိုင်သော အဆင့်မြင့် ပညာရေးမျိုးကိုရှာဖွေခဲ့ကြသည်။
ထိုသို့ဆိုသော် ကချင့်ပြည်နယ်တွင် KIO မှ ၄င်းတို့ ထိန်းချုပ်နယ်များအတွင်းတွင် ပညာရေးကျောင်းများကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး KIO ၏ ပညာရေး ဌာနကို ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ၊ ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အပစ်အခတ်ရပ်ဆိုင်းရေး ကာလ အတွင်း ၁၀ တန်းစာမေးပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပနိုင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးကာလ နိဂုံးချုပ်ပြီးနောက် မြစ်ကြီးနားမြို့တွင် ၁၀ တန်းစာမေးပွဲဖြေဆိုခွင့်သည်လည်း ပြီးဆုံးသွားခဲ့သည်။ ယင်းနောက် KIO ပညာရေးဌာနမှ အခြေခံပညာရေး အပြင်အဆင့်မြင့် ပညာရေးကိုပါ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ကာ ၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းအားလုံး ၂၁၅ ကျောင်းအထိ ရှိခဲ့သည်။ ယခုပညာသင်နှစ် ၂၀၂၄- ၂၀၂၅ ခုနှစ် အတွက် ကျောင်းပေါင်း ၂၃၃ ကျောင်းအထိ တိုးချဲ့ ဖွင့်လှစ်သွားနိုင်ခဲ့ပြီး စုစုပေါင်း ကျောင်းပေါင်း ၄၄၈ ကျောင်းအထိ ရှိလာကာ ၄င်းကျောင်းများတွင် တာဝန်ယူသင်မည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၂၆၇၉ ဦးကို ၊ ပညာ ရေး ဝန်ထမ်း ၄၁၅ ဦးရှိထိ နေကြောင်း သိရှိရပါသည်။
ယခုအခါ အဆင့်မြင့် ပညာရေးကျောင်းများ အနေဖြင့် ဆရာ အတတ်သင် ကောလိပ် (မိုင်ဂျာယန်) ၊ မိုင်ဂျာယန် ကောလိပ် ၊ အုပ်ချုပ်ရေး အရာရှိ သင်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး ဒီပလိုမာသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်း ၊ ဗိုလ်သင်တန်းကျောင်း၊ ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် (KSCU)၊ Federal Law Academy ၊ Institute of Liberal Arts and Sciences (Mai Ja Young) တို့ပါ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။ အထူးသဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရ နှင့် အမျိုးသားညီညွတ်ရေး အစိုးရ NGU ပူးပေါင်းဖွင့်လှစ်ထား သည့် ကချင်ပြည်နယ် ပညာရပ် စုံ KSCU တက္ကသိုလ်မှ ကျောင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်ထားခဲ့နိုင်သည်။
၄င်း ပညာရပ်စုံ ကျောင်းကို ၂၀၂၅ ဇန်နဝါရီလတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဆေးတက္ကသိုလ်အတွက် လက်ခံဦးရေ ၅၀ ဦးခန့်၊ နည်းပညာ တက္ကသိုလ်အတွက် ကျောင်းသား/သူ ၂၅ ဦးခန့်၊ စိုက်ပျိုးရေးတက္ကသိုလ်တွင် ၃၀ ဦးခန့်နှင့် စီးပွါးရေးတက္ကသိုလ်တွင် ၂၅ ဦးခန့် ကန့်သတ် လက်ခံမည်ဖြစ်ပြီး ကျန်ရှိသည့် တက္ကသိုလ်များတွင် ကန့်သတ်ချက်မရှိကြောင်းကိုလည်း သိရှိရသည်။
Comments