top of page

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရရုံးများနှင့် MPT ရုံးတွင် ဖုန်းလိုင်းနှင့် အင်တာနက်များရရှိနေ

  • Writer: Pajau Media
    Pajau Media
  • Aug 5, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၅၊ ၈၊ ၂၀၂၄



ကချင်ပြည်နယ်အတွင်း လက်ရှိတွင် အစိုးရရုံးများ လုပ်ငန်းလည်ပတ်ရေးအတွက် အစိုးရရုံးများနှင့် MPT ရုံးတွင်းသာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ရရှိလျက်ရှိနေပါသည်။ ထို့အပြင် မြစ်ကြီးနားမြို့ပေါ်ရှိ ဝန်ကြီးများရုံးများတွင် အင်တာနက်အသုံးပြုနိုင်ဖို့ရန်အတွက် StarLink တပ်ဆင်နေကြသည်ဟု ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာကို ပြောကြားခဲ့ပါသည်။


ကချင်ပြည်သူများမှာ ဖုန်းအဆက်အသွယ်ပြတ်တောက်ပြီး ဩဂုတ်လဆန်းတစ်ရက်နေ့နောက်ပိုင်း မြစ်ကြီးနားမြို့တွင် MPT ဖုန်းအော်ပရေတာတစ်ခုသာ ရံဖန်ရံခါ ဖုန်းအဆက်အသွယ်ရခဲ့ပေမယ့် မြို့တွင်းဆိုင်အများစုမှာ ဖုန်းငွေဖြည့်ကဒ်များ ရောင်းကုန်သွားသောကြောင့် ပြည်သူများ ခက်ခဲနေကြခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသည်။


ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်၍ ယနေ့ထိပင် ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် အင်တာနက်လိုင်းများအပြင် ကချင်ပြည်နယ်ရှိ ဖုန်းလိုင်းများဖြစ်သော စစ်တပ်ပိုင် MEC နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပိုင်ဆိုင်သည့် Mytel အပါအဝင် ATOM၊ MPT၊ Ooredoo ဖုန်းလိုင်းများ အားလုံးပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page