top of page

စကစ၏ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကိုင်းဒေသတွင် အများဆုံးဖြစ်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 28
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊ဇန္နဝါရီ၊၂၀၂၆။


မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက နေ့စဉ်လေယာဉ်ဗုံးကြဲ တိုက်ခိုက်ခြင်း ပြင်းပြင်းထန်ထန် လုပ်ဆောင်နေရာ တစ်နိုင်ငံလုံးအတိုင်းအတာအဖြင့် စစ်ကိုင်းဒေသတွင် လေယာဉ်ဗုံး ပစ်ခတ်တိုက်ခိုက်ခြင်း အများဆုံးဒေသဖြစ်ကြောင်း သိရသည်။


စစ်ကိုင်းဒေသတွင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ခုနှစ် နှစ်ဆန်းထိ နှစ်လတာအတွင်း စစ်တပ်၏ လေယာဉ်ဗုံးတိုက်ခိုက်မှုကြောင့် အသက်သေဆုံးသူ (၃၂)ဦးထိ ရှိနေပြီး၊ (၅၀)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


Wetlet Information Networkမှ တင်ပြချက်အရ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း လေယာဉ်ဗုံးပစ်ခတ်ခြင်း (၁၄)ကြိမ်၊ သေဆုံးသူ(၂၆)ဦးနှင့် ထိခိုက်သူ (၄၀)ဦးထိ ရှိခဲ့သည်ဟု တင်ပြထားသည်။


ဇန္နဝါရီလတွင်လည်း စစ်ကိုင်းဒေသ နေ့စဉ် ဒရုန်းဗုံးအပြင် လေယာဉ်ဗုံးများ ဆက်တိုက်ပစ်ခတ်နေသလို ထိခိုက်သေဆုံးသူများလည်း ရှိနေဆဲ ဖြစ်သည်။ ၂၀၂၅ခုနှစ်တွင် တစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက်မှု (၁,၁၈၀)ကြိမ်ရှိခဲ့ရာ စစ်ကိုင်းတွင် (၂၆၃)ကြိမ်ဖြင့် အများဆုံးဒေသဖြစ်ခဲ့သည်။


ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းဒေသ သေဆုံးသူ (၅၀၄)ဦးနှင့် ထိခိုက်သူ(၇၇၄)ဦးရှိခဲ့သည်ဟု (Myanmar Military and Security Studies Institute (MDSI)က ဖော်ပြထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page