top of page

ဝေလောတပ်စခန်းကို KIA ပြန်လည်သိမ်းယူ

  • Writer: Pajau Media
    Pajau Media
  • Jan 28
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊ဇန္နဝါရီ၊၂၀၂၆။


KIAအမှတ်(၂)တပ်မဟာ၊ အမှတ်(၁၄)တပ်ရင်းဒေသရှိ ဝေလောတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ဇန္နဝါရီ ၂၇ ရက်နေ့တွင် အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ဝေလောတပ်စခန်းမှာ KIA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် နေရာဖြစ်ပြီး၊ ဇန္နဝါရီ လဆန်းပိုင်းတွင် စစ်ကောင်စီနှင့် မင်းဇေသန့်ပြည်သူ့စစ်များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်သည့်အပြင် လေယာဉ်၊ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ယာယီတိမ်းရှောင်ထားသည့် နေရာဖြစ်သည်။


ယင်းနေရာကို ယမန်နေ့တွင် အပြီးသတ် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်သည်။


ဝိုင်းမော်-လမြန်စစ်မျက်နှာဘက်ကိုလည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ ဇန္နဝါရီ ၂၀ရက်နေ့ကတည်းက ဆက်တိုက်စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page