ကချင်ပြည်နယ်ရှိမြို့နယ် (၃)မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး၊ တစ်ပတ်အတွင်း တိုက်ပွဲ (၁၆)ကြိမ် ဖြစ်ပွားခဲ့
- Pajau Media

- Feb 10
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ကချင်ပြည်နယ် မြို့နယ် ၃ မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ပတ်အတွင်း တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KIO သတင်းပြန်ကြားရေးသတင်းဌာန ဖော်ပြချက်အရ သိရသည်။
လက်ရှိ ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီက လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်သည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ဗန်းမော်ဒေသတွင် အများးဆုံးဖြစ်ပြီး တစ်ပတ်အတွင်း လေယာဉ်ဗုံး ၄၁ ကြိမ်၊ ဒရုန်း ၄၈ ကြိမ်နှင့် လက်နက်ကြီး ပစ်ခတ်မှု ၃၅၀ ကြိမ်အထက် ရှိခဲ့ကြောင်း ဆိုသည်။
ထို့အပြင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည့်အပြင် ပြီးခဲ့သည့် ဇန္နဝါရီ နောက်ဆုံးအပတ်တွင်လည်း ကချင်ပြည်နယ် အထက်ပိုင်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments