top of page

ရွှေကူမြို့နယ်ထဲ ရွှေတူးဖော်မှု KIOတားမြစ်ထားသော်လည်း ဆက်လက်တူးဖော်နေ

  • Writer: Pajau Media
    Pajau Media
  • Mar 26
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊မတ်လ၊၂၀၂၆။


ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲတွင် ရွှေတူးဖော်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIO)အစိုးရက တားမြစ်ကြောင်း အမိန့်စာထုတ်ထားသော်လည်း ရွှေတူးဖော်မှု ဆက်လက်ရှိနေသေးကြောင်း သိရသည်။


ကချင်လွတ်လပ်ရေးတပ်မတော် (KIO)အစိုးရက ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတလျှောက် ရွှေတူးဖော်မှုကို တားမြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး၊ စစ်ကောင်စီက ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစပြီး ရွှေတူးဖော်မှုကို ပြန်လည်ခွင့်ပြုလိုက်သည်။


ထို့အပြင် ရွှေကူမြို့ထဲမှ မြို့ခံလုပ်ငန်းရှင်များ၊ စစ်ကော်မရှင်တပ်နှင့် နီးစပ်သူများနှင့် ဗန်းမော်ဘက်မှ လုပ်ငန်းရှင်များမှာ အစစ်ကော်မရှင်နှင့်ပူးပေါင်းကာ ပြန်လည်တူးဖော်နေကြသည်ဟု ဒေသခံများက ပြောသည်။


ရွှေကူမြို့နယ်ရှိ ဧရာဝတီမြစ်ကြောင်းတလျှောက်နှင့် မြစ်ကမ်းဘေး ရွှေတူးဖော်မှုကြောင့် မြစ်ရေစီးကြောင်းများပျက်စီးခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် ရွှေတူးဖော်မှုကို ဒေသခံများကလည်း ကန့်ကွက်နေကြသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page