စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် မြစ်ကြီးနား-မန္တလေး ကားခဈေးတက်
- Pajau Media

- 5 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊မတ်လ၊၂၀၂၆။

စက်သုံးဆီရှားပါးကာ ဈေးနှုန်းအဆမတန် မြင့်တက်လာမှုကြောင့် မြစ်ကြီးနား-မန္တလေးသွား ကားခဈေးလည်း မြင့်တက်လာနေကြောင်း သိရသည်။
မြစ်ကြီးနားမှ မန္တလေးသွားလမ်းတွင် ကားခကို အတက်နှင့်အဆင်း ဈေးနှုန်းမတူညီသလို၊ ကားအမျိုးအစားအလိုက် တစ်ဦးလျှင် ၂၅၀,၀၀၀ကျပ်မှ ၅၀၀,၀၀၀ကျပ်ထိ ပေးရကြောင်း ခရီးသွားများက ပြောသည်။
လက်ရှိ မြစ်ကြီးနားမြို့ အပါအဝင် နိုင်ငံတဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေပြီး၊ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် အာရှနိုင်ငံတဝန်း ဆီပြတ်လတ်မှုများ ကြုံတွေ့နေရခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများ မဖြစ်ပွားခင် အချိန်တွင် မြစ်ကြီးနား-မန္တလေးသွား ကားခကို တစ်ဦးလျှင် ၁၃၀၀၀၀ကျပ်ထိသာ ပေးရပြီး၊ မတ်လ ပထမအပတ်ကတည်းက ကားခဈေးနှုန်းမှာ ကားအမျိုးအစားအလိုက် အစားစား ဈေးနှုန်းမြင့်တက်သွားသည်ဟု ဆိုသည်။
အဆိုပါကားလမ်းမှာ နိုင်ငံတွင်း စစ်ရေးအခြေအနေများကြောင့် ယခင်ကတည်းက ကွင်းလမ်းကိုသာ အသုံးပြုသွားလာနေရပြီး လမ်းခရီးကြမ်တမ်းခြင်းအပြင် ကားအပျက်အစီးများသဖြင့် ကားခဈေးနှုန်း မြင့်တက်ခဲ့ပြီးဖြစ်သည်။
လတလော မြစ်ကြီးနားမြို့တွင် ၉၂စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၁၃၀၀၀ကျပ်ထိ ရှိနေပြီး၊ မန္တလေးတွင် ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၅၀၀၀ကျော် ရှိနေကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments