စက်သုံးဆီအခက်အခဲကြောင့် ၅ကီလိုထက် ပိုသောပစ္စည်းနှင့် ၁ပေပတ်လည်ထက်ကျော်သော ဗူးပစ္စည်းများ ပို့ခွင့်မရှိ
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၅ရက်၊မတ်လ၊၂၀၂၆။

မြန်မာနိုင်ငံတွင် စက်သုံးဆီ အခက်ခဲကြောင့် တချို့ Expressကားများဖြင့် ပစ္စည်းများပို့လျှင် ၅ ကီလိုဂရမ်ထက် ပိုသောပစ္စည်းနှင့် ၁ပေပတ်လည်ထက်ကျော်သော ဗူးပစ္စည်းများကို ပို့ခွင့်မရှိတော့ကြောင်း အွန်လိုင်းစျေးသည်များထံမှ သိရသည်။
လက်ရှိ စက်သုံးဆီ အခက်ခဲကြောင့် ပစ္စည်းများကို စက်ဘီးဖြင့်သာ လိုက်ပို့ရမည်ဖြစ်ပြီး ၅ ကီလိုဂရမ်ထက်ကျော်သော ပစ္စည်များ သယ်ယူပို့ဆောင်ရာတွင် အခက်ခဲဖြစ်သဖြင့် ပစ္စည်များကို ၅ ကီလိုဂရမ်သာ ပို့ခွင့်ရှိကြောင်း သိရသည်။
“ဒီမနက်ဘဲ ဖုန်းဆက်ခဲ့တော့ သူတို့ကပြောတယ် ၅ ကီလိုဂရမ်ထက် ကျော်တဲ့ပစ္စည်းတွေ ပို့လို့မရတော့ဘူးတဲ့။ ဘာလို့လဲမေးတော့ စက်သုံးဆီအခက်ခဲကြောင့် ပစ္စည်းတွေကို စက်ဘီးနဲ့ဘဲ လိုက်ပို့နေရတာကြောင့် အရမ်းလေးတဲ့ ပစ္စည်းတွေတင်ရင် အဆင်မပြေလို့ပါတဲ့“ ဟု အွန်လိုင်းစျေးသည် တစ်ဦးက ပြောသည်။
ကုန်သည်များမှာလည်း မိမိပို့ရမည့် ပစ္စည်းများကို ၅ကီလိုဂရမ်နှင့် ၁ပေပတ်လည်ရှိ အထုတ်များသာ ထုတ်ပိုးပြီး ပို့ဆောင်နေရပြီး တန်စာခမှာ ပိုမိုပေးဆောင်နေရခြင်းကြောင့် ခက်ခဲနေကြသည်ဟု ဆိုသည်။
“ခါတိုင်းဆို ပစ္စည်တွေပို့ရင် ဖာတစ်ခုမှာဘဲ အကုန်စုထည့်ပြီးပို့နေတာ ခု၅ကီလိုထက် မပိုရဘူးဆိုတော့ ပစ္စည်းတွေပို့ရင် ဖာလည်းပိုများပြီး တန်စာခလည်းပိုပေးနေရတယ်” ဟု အထက်ပါသူက ဆက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ စက်သုံးဆီစျေးနှုန်းမှာ တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိနေပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်လည်း ၉၂ ဆီတစ်လီတာကို ကျပ် ၁၃၀၀၀ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments