စကစကို နိုင်ငံတကာမှ ကူညီထောက်ပံ့မှု ရပ်တန့်ပေးရန် BWU တောင်းဆို
- Pajau Media

- 2 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊ဇန္နဝါရီ၊၂၀၂၆။

ပြည်သူများနေထိုင်ရာသို့ လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် လုပ်ဆောင်နေမှုကြောင့် နိုင်ငံတကာမှ အာဏာသိမ်း စစ်ကောင်စီအား ကူညီထောက်ပံ့ခြင်းများ ရပ်တန့်ပေးရန် မြန်မာ့အမျိုးသမီးသမ္မဂအဖွဲ့ (BWU)မှ တောင်းဆိုထားကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် အပြစ်မဲ့ပြည်သူ အများအပြား အသက်သေဆုံးခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး(၇၉၂)ဦး သေဆုံးခဲ့ရပြီး၊ ၇၀ ရာခိုင်နှုန်းမှာ လေယာဉ်ဗုံးကြောင့် ဖြစ်သည်ဟု BWU က ဖော်ပြထားသည်။
လက်ရှိ ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော်၊ ပူတာအို၊ တနိုင်း စသည့်ဒေသများတွင်လည်း ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရှိနေပြီး၊ ပြီးခဲ့သည့်အပတ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ (၂၂)ကြိမ် ဖြစ်ပွားခဲ့သည်။
ထို့အပြင် မတရားမှု ပြုလုပ်နေသော်လည်း မတရားမှုမှ လွှတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုင်ငံတကာမှ ထောက်ခံခြင်း၊ စီးပွားရေးပူးပေါင်းလုပ်ဆောင်ခြင်း၊ လက်နက်ပစ္စည်း၊ လေယာဉ်ဆီ ရောင်းချပေးခြင်း စသည်တို့ကို ဖြတ်တောက်ပေးနိုင်ရန် အာဆီယံနှင့် နိုင်ငံတကာများမှ ကူညီပေးရန်လည်း တောင်းဆိုထားကြသည်။
သတင်း - ပီလမ့်အူ




Comments