စကမက အဆင့်မြင့်လေယာဉ်များ အသုံးပြုကာ ညသန်းခေါင် ဗုံးကျဲမှုများ လုပ်ဆောင်နေ
- Pajau Media

- 48 minutes ago
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

လတ်တလော ကချင်ပြည်နယ်တွင်း စစ်ကော်မရှင်က ပြည်သူများအိပ်ပျော်တတ်သည့် ညသန်းခေါင်အချိန်တွင် လေယာဉ်ဗုံးလာရောက်ပစ်ခတ်မှုများ ခပ်စိပ်စိပ် လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကော်မရှင်က ညသန်းခေါင်လေယာဉ်ဗုံးကျဲခြင်းကို ဒေသခံတစ်ဦးက “ အခုတလော ညသန်းခေါင် ၁၂နာရီ၊ ၁နာရီ၊ ၂နာရီအချိန်တွင်မှာ လေယာဉ်ဗုံးလာချတယ်။ လေယာဉ်သံကြားတာနဲ့ ဗုံးပေါက်ကွဲသံကြားရပြီ။ ညဆိုအပ်လို့မရဘူး။ ဒီရက်ပိုင်းက ညတိုင်းလိုလို ပစ်ခတ်နေတယ်။” ဟု ပြောသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း စစ်ကော်မရှင် ဂျက်ဖိုက်တာက ဖားကန့် မော်မောင်းဘွမ်ကျေးရွာတွင် ဗုံးလာရောပ်ပစ်ခတ်သွားသောကြောင့် နေအိမ်၅လုံး ပျက်စီးသွားခဲ့ရပြီး၊ ဒေသခံများမှာ စစ်ဘေးရှောင်နေခြင်းကြောင့် လူထိခိုက်ခြင်းမရှိကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၂၃ရက်နေ့တွင်လည်း လိုင်ဇာမြို့အနီး လဂျားယန်၊ ဗန်းမော်မြို့အနီးရှိ မြို့သစ်ကျေးရွာ၊ မိုင်ဂျာယာန်သွားလမ်း၊ ဝိုင်းမော် ဝါရှောင်နှင့် ချီဖွေဒေသတို့တွင် လေယာဉ်ဗုံး လာရောက်ပစ်ခတ်သွားသည်။
စစ်ကော်မရှင်က အဆင့်မြင့်လေယာဉ်များဖြစ်သည့် Su-30, MIG-29, Yak-130, JF-17, FTC 2000, K-8များကို အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ အဆိုပါလေယာဉ်များမှာ တိကျသောပစ်မှတ်ဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုပြီး၊ Y-12လေယာဉ်မှာ ဧရိယာအလိုက် အသုံးပြုတိုက်ခိုက်ရာတွင် အသုံးပြုနေကြောင်း သိရသည်။
ထို့အပြင် Mi-35လေယာဉ်မှာ ပစ်မှတ်ကို အနီးကပ်ပစ်ကူရာတွင် အသုံးပြုကာ၊ လေယာဉ်အများစုမှာ တံတားဦး၊ မကွေး၊ မိတ္ထီလာနှင့် နေပြည်တော်ဘက်မှ လာကြောင်း Myanmar Defense And Security Institute (MDSI) က ဖော်ပြထားသည်။
သတင်း - ပီလမ့်အူ




Comments