top of page

မြစ်ကြီးနားလေဆိပ် ပစ်ခတ်ခံရပြီးနောက် စကမက လေကြေင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာ၊ ပြည်သူတစ်ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။



စစ်ကော်မရှင်က လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများထိ လေကြောင်းတိုက်ခိုက်မှုများ ပုံမှန်လုပ်ဆောင်လာသလို၊ မြစ်ကြီးနားမြို့တွင်းလည်း လေယာဉ်ဗုံးကျဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်သံများ ပြင်းပြင်းထန်ထန် ကြားနေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ယမန်နေ့ ဖေဖော်ဝါရီ ၂၂ရက်နေ့ ည၁၁နာရီ၂၀မိနစ်ချိန်ခန့်တွင် KIAအမှတ်(၃)တပ်မဟာဒေသ အင်ခေါင်းပါကျေးရွာ ပါကထောင်နေရာတွင် စစ်ကောာ်မရှင်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ(၁)ဦး အသက်သေဆုံးခဲ့ရကြောင်း သိရသည်။


လေယာဉ်ဗုံးက ဦးအင်ခွမ်ဇော်တောင်နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက်(၇၈)နှစ်အရွယ် ဦးအင်ခွမ်ဇော်တောင် အသက်သေဆုံးခဲ့ရပြီး၊ နေအိမ်လည်း ပျက်စီးခဲ့ရသည်။


ဖေဖော်ဝါရီ ၂၁ရက်နေ့တွင်လည်း KIAအမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၈)နှင့် အမှတ်(၉)တပ်မဟာဒေသများတွင် စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံးလာရောက်ပစ်ခတ်သွားပြီး၊ မြစ်ကြီးနားမြို့တွင်လည်း ယမန်နေ့ညအထိ လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သည်။


KIAအမှတ်(၂)တပ်ဟာနှင့် အမှတ်(၁၁)တပ်မဟာဒေသတွင် လေယာဉ်ဗုံး(၅)ကြိမ်၊ အမှတ်(၃)တပ်ဟာဒေသ ဆဒုံးကျေးရွာတွင် ဗုံး(၂)ကြိမ်၊ အင်ဘာပါကျေးရွာတွင် (၁)ကြိမ်၊ အမှတ်(၈)တပ်ဟာဒေသတွင် (၂)ကြိမ်နှင့် အမှတ်(၉)တပ်မဟာဒေသတွင် (၄)ကြိမ်တို့ လာရောက်ပစ်ခတ်ခဲ့သည်။


ထို့အပြင် မြစ်ကြီးနားမြို့ပေါ်တွင်လည်း မြစ်ကြီးနားလေဆိပ်မှ MNAလေယာဉ်ဖြစ်စဉ်ဖြစ်ပြီးနောက် နေ့စဉ်လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများ ကြားနေရကြောင်းနှင့်၊ KIAဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်တွင်လည်း ယမန်နေ့ညနေပိုင်းက စစ်လေယာဉ်များ တောက်လျှောက်ပျံဝဲနေကြောင်း ဒေသခံများထံမှ သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page