top of page

စစ်တပ်မှ ပြည်သူပေါင်း ၄၂ ဦးကို ရိုက်နှက်၍ ခေါ်ဆောင်သွား

  • Writer: Pajau Media
    Pajau Media
  • 6 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ဧပြီ၊၂၀၂၆။


ဖားကန့်-လုံးခင်းကျေးရွာမှ ပြည်သူ ၄၂ ဦးကို စစ်ကော်မရှင်နှင့်ပူးပေါင်းတပ်ဖွဲ့များက တစ်ရက်ထဲတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။


လုံးခင်းကျေးရွာထဲမှ မိုင်ဆေးရုံနှင့် အူရုဆွတ်အောင် တည်းခိုခန်းတွင် အလုပ်လုပ်သည့် ပြည်သူ ၄၂ ဦးကို စစ်ကော်မရှင်ပူးပေါင်းတပ်က ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်။


ဧပြီ ၂၁ ရက်နေ့ညက စစ်ကော်မရှင်တပ်ဖွဲ့က လုံးခင်းကျေးရွာ အောင်ရာရပ်ကွက်မှ မိုင်ဆေးရုံထဲကို ရုတ်တရက်၀င်ရောက်လာပြီး ဆေးဆရာ၀န်တစ်ဦးနှင့် သူနာပြုများ၊ ဆေးကုသခံယူနေသည့် လူနာများ စသည့်ပြည်သူပေါင်း ၂၄ ဦးကို ရိုက်နှက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်။


ထို့နောက် အူရုဆွတ်အောင်တည်းခိုခန်းတွင်လည်း စစ်အင်အားအလုံးအရင်းဖြင့် ၀င်ရောက်လာပြီး ၀န်ထမ်းအလုပ်သမား ၁၁ ဦးနှင့် တည်းခိုခန်းတွင် လာရောက်တည်းခိုကြသည့် ဧည့်သည် ၇ ဦး၊ စုစုပေါင်း ၁၈ ဦးကို ဖမ်းဆီးသွားသည်။


ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပြည်သူများ၏ ဖုန်းနှင့် land cruiserကား ၂ စီးကိုလည်း လုယူသွားသည့်အပြင် စတားလင့်၀ိုင်ဖိုင်စက်များကိုလည်း ဖမ်းဆီးသွားသည်ဟု ဆိုသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page