top of page

တိုက်ပွဲကြောင့် မြစ်ကြီးနား-ရွှေဘိုသွား ကားလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်ထား

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


မြစ်ကြီးနား-ရွှေဘိုသွားလမ်းပိုင်းရှိ ကျောက်တန်းရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ရွှေကိုးပင်ဂိတ်ကို ရက်အကန့်သတ်မရှိ ပိတ်လိုက်သောကြောင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကားအစီးရေများစွာ ပိတ်မိနေကြောင်း ကားသမားများထံမှ သိရသည်။


စစ်ကောင်စီသည် မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းရှိ ရွှေကိုးပင်ဂိတ်ကို ပိတ်ထားသလို၊ အတက်ကားများကို ပိတ်ပင်ထားပြီး အဆင်းကားများကိုသာ လွှတ်ပေးနေသောကြောင့် ခရီးချိန်ကြန့်ကြာမှုရှိနေကြောင်း သိရသည်။


“အဆင်းဆိုရင်ရတယ်။ အတက်ဆိုရင် လုံးဝမလွတ်ပေးတော့ဘူး”ဟု ကားသမားတစ်ဦးက ပြောသည်။


ထို့အပြင် မြစ်ကြီးနား-မန္တလေးဗျူဟာလမ်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားမှုရှိနေသောကြောင့် ကားနှင့် ခရီးသွားပြည်သူများ ထိခိုက်မှုများရှိနေသည်။


ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက မြစ်ကြီးနား-မန္တလေးဗျူဟာလမ်းကို စစ်တပ်က ထိန်းချုပ်ထားခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ကာ လမ်းပိတ်ဆို့မှုများကြောင့် ကုန်ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေကာ ကုန်ပစ္စည်းများလည်း ပုတ်သိုးပျက်စီးဆုံးရှုံးမှု များစွာရှိနေကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page