တာမခံကျေးရွာတွင်း ဗုံးကျဲခံရပြီး ပြည်သူတဦးသေဆုံး
- Pajau Media

- 3 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊မတ်လ၊၂၀၂၆။
ဖားကန့်ဒေသ ၊တာမခံကျေးရွာအုပ်စုရှိ ကျော်နိုင်ကျောက်စိမ်း လုပ်ကွက်တွင် မတ်လ ၇ရက်နေ့ ၁ နာရီကျော်ခန့်တွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းပစ်ခတ်မှုကြောင့် လုပ်ကွက်အတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးအဆောက်အဦးများ ပျက်စီးကာ၊ အဆောင်တွင်းမှ စားဖိုမ အမျိုးသမီးတစ်ဦး လက်နက်ကြီးစမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ရသည့်အပြင် အသက်၃နှစ်အရွယ်ကလေးငယ်အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၃ဦးရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်ရာသို့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခြင်းအတွက် စစ်ကော်မရှင်၏ ရက်စက်မှုကို ပြည်သူများမှ ဝေဖန်ပြောဆိုကြသည်။
သတင်း - ကချင်ပြည်သား










Comments