top of page

ပြည်တွင်းစက်သုံးဆီဈေးနှုန်း စကစ တိုးမြင့်သတ်မှတ်

  • Writer: Pajau Media
    Pajau Media
  • 3 days ago
  • 1 min read

ပါ‌ဂျောင်မီဒီယာ

၆ရက်၊မတ်လ၊၂၀၂၆။



စစ်ကောင်စီက ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများကို ယနေ့ မတ်လ ၆ရက်နေ့တွင် တိုးမြှင့်သတ်မှတ်လိုက်သည်။


စစ်ကောင်စီဖွဲ့စည်း သတ်မှတ်ပေးထားသည့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီရဲ့ သတ်မှတ်စျေးအရ တစ်လီတာကို အနည်းဆုံး ၄၅ကျပ်ကနေ ၁၁၅ ကျပ်အထိ စျေးတက်နေကြောင်း ဖော်ပြထားသည်၊


မတ် ၅ ရက်နေ့ထိ (92)ဆီအမျိုးအစား တစ်လီတာကို ၂,၄၁၅ ကျပ်ရှိခဲ့သော်လည်း ယနေ့ မတ်လ ၆ ရက်နေ့တွင် 92 ဆီအမျိုးအစား တစ်လီတာကို ၂,၅၂၅ ကျပ်အထိ ကျပ်တစ်ရာကျော် ‌ဈေးတက်လာသည်။


ရန်ကုန်မြို့အထိုင် စက်သုံးဆီစျေးအရ ဓာတ်ဆီ 92 တစ်လီတာက ၂,၅၂၅ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၂,၅၉၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၂,၆၁၀နဲ့ ပရီမီယံဒီဇယ် ၂,၉၀၅ကျပ်ဖြစ်သည်။


မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များတွင် 92 ဆီအမျိုးအစား တစ်လီတာကို ၃၀၀၀ကျပ် နှင့် ၇၀၀၀ကျပ် ကြား ဝယ်ယူနေကြရကြောင်း ဒေသခံများထံမှ သိရသည်။


စစ်ကောင်စီက စက်သုံးဆီလုံလောက်ကြောင်းနှင့် စက်သုံးဆီများကို ‌စျေးနှုန်းမြင့်တင် ရောင်ဝယ်ခြင်းများ မပြုလုပ်ကြရန် ထုတ်ပြန်ထားသော်လည်း မြေပြင်တွင်မူ ဆီတန်းစီဝယ်ယူမှု ပိုမိုများပြားလာကြောင်း သိရသည်။


လက်ရှိ မြန်မာနိုင်ငံ ကချင်ပြည်နယ်အပါအဝင် အခြားမြို့နယ်များတွင် စက်သုံးဆီအခက်အခဲ နေ့စဥ် ပို ဆိုးရွားနေပြီး မြစ်ကြီးနားမြို့တွင် စက်သုံးဆီ တစ်လီတာကို ၁၅၀၀၀ အထက် ရှိနေပြီဖြစ်ကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page