မန်ခိန်ရပ်ကွက်တွင် စားသောက်ဆိုင်မီးလောင်မှုဖြစ်ပွား
- Pajau Media

- 3 days ago
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ မတ်လ၊ ၂၀၂၆။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် ယမန်နေ့ မတ်လ ၅ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် စားသောက်ဆိုင်တခု မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မန်ခိန်ရပ်ကွပ် ၁ ဗလမင်းထင်တံတားအကျော် မြစ်ဆိပ်လမ်းဘေးတွင်ရှိသော “အားရှာင်” အမည်ရှိ စားသောက်ဆိုင်တစ်ခု မီးလောက်ပျက်စီးခဲ့ရကြောင်း မျက်မြင်တွေ့သူ၏ ပြောပြချက်အရ သိရသည်။
“မနေ့က ၉ နာရီလောက်ဖြစ်မယ်ထင်တယ်၊ ပေါက်ကွဲသံအရင်ကြားပြီးမှ မီးလောင်တာတဲ့၊ ဂတ်(စ်)အိုးကြောင့်ထင်တယ်၊ တဆိုင်လုံးပြာကျသွားတယ်။ မီးသတ်ကားတို့၊ ရဲတို့လည်းရောက်လာတယ်။” ဟု ပြောသည်။
မျက်မြင်တွေ့သူပြောပြချက်အရ ပေါက်ကွဲသံအရင်ကြားရပြီးမှ မီးလောင်ခြင်းဖြစ်သော်လည်း မည်သည့်အကြောင်းကြောင့် လောင်သည်ကိုတော့ အတည်မပြုနိုင်သေးပါ။
မီးလောင်ချိန်အတွင်း မီးသတ်ကားနှင့် ရဲများရောက်လာသော်လည်း နောက်ကျမှရောက်လာသောကြောင့် ငြိမ်းသတ်နိုင်ခြင်းမရှိဘဲ တဆိုင်းလုံး မီးလောင်ပြာကျသွားခဲ့ကြောင်း ပြောသည်။
သတင်း - ဇော်










Comments