နှစ်စဉ်ရေကြီးရေလျှံမှုဒဏ်ကာကွယ်ရေး ဗလမင်းထင်တံတားအောက် သဲသောင်တူးခြင်း ဆောင်ရွက်နေ
- Pajau Media

- Feb 9
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတားအောက် သဲသောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ်အစိုးရရုံး ဖော်ပြချက်မှ သိရသည်။
မြစ်ကြီးနားမြို့သည် နှစ်စဉ်မိုးရာသီတွင်း ရေကြီးရေလျှံမှုဖြစ်ပွားမှုဒဏ်ကို ခံရလေ့ရှိသဖြင့် မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး အဓိက လုပ်ငန်းစီမံကိန်းများအနက် ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် ဗလမင်းထင်တံတားအောက်ရှိ သဲသောင်တူးဖော် ရှင်းလင်းခြင်းလုပ်ငန်းအား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဗလမင်းထင်တံတားအောက်ရှိ သဲသောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား ဆောင်ရွက်နေပြီး ပတ်ဝန်းကျင်လူထုထိခိုက်မှု မရှိစေရေးအတွက်လည်း ဆောင်ရွက်နေသည်ဟု ဆိုသည်။
ယင်းသို့ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှူစစ်ဆေးခဲ့ပြီး စီမံကိန်းအတွင်း သဲကျောက်တင်ယာဉ်များ ရွေ့ပြောင်းသွားလာရာတွင် မြို့တွင်းလမ်းများ ပျက်စီးမှုမရှိစေရေး သတ်မှတ်တန်ချိန်အတိုင်း တင်ဆောင်သွားလာရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မြို့နေလူထု ထိခိုက်မှုမရှိစေရေး အလေးထားလုပ်ဆောင်နေကြောင်း သိရသည်။
သို့သော် မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်တံတားကြီးအောက်တွင် ရေကြီးရေလျှံမှုကာကွယ်ရန်ဟူသည့် ခေါင်းစဥ်အောက်မှ ရွှေအများအပြား တူးဖော်နေဆဲဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ပြောဆိုနေကြသည်။
သတင်း - ထုဆိုင်း









Comments