top of page

နီပါး ဗိုင်းရပ်ကူးစက်မှုမှ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးရုံးမှ သတိပေးထား

  • Writer: Pajau Media
    Pajau Media
  • 1 day ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊ဇန္နဝါရီ၊၂၀၂၆။


လက်ရှိ မြန်မာနိုင်ငံအတွင်း နီပါး ဗိုင်းရပ်ရောဂါ ကူးစက်သူ မရှိသေးသော်လည်း ယင်းရောဂါမှာ သစ်သီးစားလင်းနို့များမှတစ်ဆင့် ကူးစက်နိုင်သောကြောင့် သတိထားရန်နှင့် လက်ရှိ နီပါးရောဂါအဖြစ်များသော အိန္ဒိယ၊ West Bengal Stateသို့ ခရီးသွားခြင်း မပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးရုံးမှ သတိပေးထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံသားများအနေဖြင့် အရေးမကြီးဘဲ အိန္ဒိယ၊ West Bengal Stateသို့ ခရီးသွားခြင်းမပြုလုပ်ရန်၊ ခရီးမှအပြန် ရောဂါလက္ခဏာများအနေဖြင့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အန်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ကိုခံစားရပြီး ရောဂါပြင်းထန်ပါက စိတ်ရှုပ် ထွေးခြင်း၊ မှိန်းခြင်း၊ တက်ခြင်းအစရှိသော ဦးနှောက်ရောင်ရမ်းခြင်း လက္ခဏာများ ဖြစ်ပွားလာပါက သက်ဆိုင်သည့် ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတိပေးရန် ပြောထားသည်။


၎င်းသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် နီပါးဗိုင်းရပ်စ် ကူးစက်မှုများ ရှိနေခြင်းကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။


နီပါးဗိုင်းရပ်မှာ လင်းနို့မှ ကူးစက်ခြင်းဖြစ်သည်ဟု ဖော်ထုတ်ထားကြပြီး၊ တိရိစ္ဆာန်များမှလည်း ကူးစက်နိုင်ကြောင်း၊ နီပါးဗိုင်းရပ်သည် သွေး၊ တံတွေးနှင့် ခန္ဓာကိုယ်မှ ထွက်သော အရည်များမှတစ်ဆင့် ကူးစက်နိုင်ကြောင်း သိရသည်။ ရောဂါကူးစက်ပုံမှာ တိရစ္ဆာန်မှ လူသို့ကူးစက်ခြင်း၊ အစားအသောက်မှတစ်ဆင့်ကူးစက်ခြင်း၊ လူအချင်းချင်းကူးစက်ခြင်း တို့ဖြစ်သည်ဟု ဆိုသည်။


နီပါးဗိုင်းရပ်အား WHO မှလည်း အထူးသတိထားရမည့် ရောဂါအဖြစ် သတ်မှတ်ထားပြီး၊ လက်ရှိအချိန်ထိ ယင်းရောဂါအတွက် ကာကွယ်ဆေးမရှိသေးကြောင်း ပြောထားသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page