top of page

နမ်ဆန်ယန် ကျေးရွာတွင် KIO အခြေခံပညာရေးကျောင်း စတင်ဖွင့်လှစ်

  • Writer: Pajau Media
    Pajau Media
  • Jul 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဇူလိုင်လ၊ ၂၀၂၄ ခုနှစ်။



ree

KIO ပညာရေးဌာနချုပ်မှ ဦးစီးဦးဆောင်ပြီး၊ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ နမ်ဆန်ယန်ကျေးရွာတွင် KIOအခြေခံပညာရေးကျောင်းအား စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။


နမ်ဆန်ယန်ကျေးရွာမှာ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရွာလုံးကျွတ်ပျက်စီးခဲ့ရသည့် ကျေးရွာဖြစ်ပေမယ့်၊ ကျောင်းသားများအတွက် ပညာရေးနောက်ကျမကျန်နေစေဖို့ KIO ပညာရေးဌာနချုပ်မှ ပံ့ပိုးကူညီမှုဖြင့် ကျောင်းဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။


ဒေသခံများ ပြောပြချက်အရ နမ်ဆန်ယန်ကျောင်းအား KIO ပညာရေးဌာနချုပ်၏ ထိန်းချုပ်မှုအောက်တွင် ယခုနှစ်မှ ပထမဆုံးစတင် ဖွင့်လှစ်သင်ကြားမည်ဖြစ်သောကြောင့် အခြေခံပညာရေးကျောင်းမှ စတင်ကာ ဖွင့်လှစ်သင်ကြားခြင်း ဖြစ်သည်ဟု ဆိုသည်။


လက်ရှိမှာတော့ နမ်ဆန်ယန်ကျောင်းတွင် နမ်ဆန်ယန်၊ အင်ပေါန်၊ ဖွန်လဲ့ယာန် စသည့်ဒေသမှ ကျောင်းသားများနှင့် နီးစပ်ရာကျေးရွာမှ ကျောင်းသားများ တက်ရောက်သင်ကြားနေပြီး၊ စာသင်ခန်းအခက်အခဲများ ရှိနေသေးသောကြောင့် ဘုရားကျောင်းဝင်းတွင် ယာယီသင်ကြားနေသည်ဟု ဆိုသည်။


ယခင်နှစ်များတွင် နမ်ဆန်ယန်ကျောင်းကို မြန်မာအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် အလယ်တန်းကျောင်းအထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ ယခုနှစ်မှာတော့ KIO ပညာရေး၏ ထိန်းချုပ်မှုအောက်တွင် ဖွင့်လှစ်သင်ကြားနေကာ၊ ကျောင်းသားပေါင်း (၈၀)ဦးနှင့် စာသင်ကြားပေးမည့် ကျောင်းဆရာ/ဆရာမ (၁၀)ဦးတို့ဖြင့် စတင်သင်ကြားနေကြောင်း ထပ်မံသိရသည်။


နမ်ဆန်ယန်ကျေးရွာသည် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် (၁၂)မိုင်ခန့်အကွာတွင်တည်ရှိပြီး၊ ၂၀၁၁ခုနှစ် တစ်ကျော့ပြန်တိုက်ပွဲကြောင့် ပထမဆုံးရွာလုံးကျွတ် ထွက်ပြေးခဲ့ရသည့် ကျေးရွာဖြစ်သည့်အပြင် ၂၀၁၉ခုနှစ် ပြန်လည်တည်ဆောက်ရေးကာလတွင် စွန့်ပစ်ခဲ့သော ကျေးရွာသို့ ပြန်လည်အခြေချ နာလန်ထူခဲ့သည့် ကျေးရွာလည်း ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page